Unicode#
" ဟဲ့... ဟဲ့အကောင်နတ်ဆေးထတော့လေ။ နင်ဘယ်အချိန်ထိအိပ်မလို့လဲ။"
ရပ်ကွက်တစ်ခု၊ မနက်ခင်းတစ်ခု၊ မနက်တိုင်းအခုလိုအော်နိုးနေတဲ့ မာတာမိခင်ရဲ့အသံဟာ ဘယ်နှစ်ချီသံလဲဆိုရင် အိပ်ယာထက်မှာအိပ်နေတဲ့ သူ့အပြင် ရပ်ကွက်ထဲကလူတွေဟာလဲ ကျွန်တော်အမေရဲ့အသံကို နားရင်နေသဖွယ်ဖြစ်လို့နေသည်။
အမေသည် နောက်ဖေးထဲမှာ ထမင်းဟင်းချက်ရင်း အော်ဟစ်နေတာဖြစ်သည်။ သူကတော့ အမေ့ရဲ့နှိုးစော်မှု့ကြောင့် အိပ်ယာထဲမှာ လူးလွန့်လို့ကောင်းဆဲ။ တစ်ဖက်လှည့်ပြီး အိပ်လို့ကောင်းဆဲပင်။ မနက်တိုင်းသူကြားနေရတဲ့ မေမေ့ရဲ့အသံဟာ သူ့အတွက်တော့ မနက်ခင်းတိုင်းဖွင့်နေကျတရားခွေထက်တောင် နာပျော်ဝင်နေသေး၏။
" သားရယ် ထတော့နော်။ မေမေဒီနေ့ဆိုင်စောစောလေးဖွင့်ချင်လို့ သားစျေးကိုကူလိုက်ပေးပါနော်။"
ဒေါ်ခတ္တာတစ်ယောက် မိမိ၏သားကိုလေပြည်လေးထိုးကာ ပြောရတော့သည်။ နတ်ဆေးရဲ့ဖေဖေက ဆုံးသွားတာ သား၈တန်းနှစ်လောက်ကဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ကြီးကြပ်သူအဖြစ် သူဋ္ဌေးရဲ့ယုံကြည်ရသူဖြစ်ကာ အလုပ်ရှင်အပေါ်မှာလဲ သစ္စာရှိသူဖြစ်သည်။
ညဖက်တွေမှာ ဆိုဒ်ထဲကိုဝင်ရောက်စစ်ဆေးရင်း အပေါ်ဆုံးကနေ ခြေချော်ကျကာ ပွဲချင်းပြီးသေဆုံးခဲ့သည်။
ထိုအချိန်ကနေစလို့ ဒေါ်ခတ္တာတစ်ယောက် သားကို ကျောင်းဆက်ထားရန်အတွက် ထမင်းဆိုင်လေးနဲ့အသုပ်ဆိုင်လေးကို ဒီရပ်ကွက်ငယ်လေးထဲမှာပင် လုပ်ကိုင်စားသောက်ကြသည်။
ဖေဖေရှိတုန်းက သူတို့မိသားစုလေးအဆင်ပြေပြေ မပူမပင်မကြောင့်မကျနဲ့နေရပြီး ကျောင်းကိုလဲအေးဆေး သူများနည်းတူပျော်ရွှင်စွာတက်ခဲ့ရသည်။ အခုတော့ ဖေဖေမရှိတော့ သူမုန့်ဖိုးပင်သိပ်မသုံးရတော့။ မေမေကလဲ သူလုပ်တက်တဲ့အရာလေးတွေနဲ့ လုပ်ကိုင်ကာ စားဝတ်နေရေးကတော့အဆင်ပြေပါသည်။ ဖေဖေရှိစဥ်အခါလောက်ကတော့ မပြေလည်လှပေါ့။ အရင်အချိန်ကအကြောင်းတွေက ခေါင်းထဲကိုရောက်လာချိန်မှာတော့ နတ်ဆေးတစ်ယောက် အခုလက်ရှိဘဝကိုစိတ်ပျက်မိတာအမှန်ပင်။ ဖေဖေရှိစဥ်အခါက တိုက်နဲ့ ခြံဝန်းနေခဲ့ရသော်လည်း ဖေဖေဆုံးသွားတော့ ထိုတိုက်နဲ့ခြံဝန်းလေးကိုရောင်းကာ ဒီရပ်ကွက်ကလေးထဲကို ရွေ့ပြောင်းလာခဲ့ရခြင်းဖြစ်သည်။ ထားပါလေဒါတွေက အတိတ်က မှတ်ဥာဏ်တစ်ခုပင်။ ထိုအရာတွေကို သူပြန်လည်မက်မောနေရမည့်အရွယ်မဟုတ်တော့ပါ။
YOU ARE READING
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
