Part.5 (Unicode)

2K 84 2
                                    

" အွန်း...Sorryပျို။ ကိုယ့်စိတ်နည်းနည်းလွတ်သွားတယ်။ "

တိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ကို စတင်ဖြိုခွင်းလာသူက ခေါင်။ ခေါင်ကလဲတစ်ဖက်ကိုလှည့်ကာ သူကိုကြည့်မနေပေမယ့် သူကလဲရှက်ရွံစွာနဲ့ ခေါင့်မျက်နာကိုမကြည့်ရဲခဲ့။

" လက်ဖက်ရည်တော့သောက်မယ်မလားပျို။ "

" အင်း"တစ်လုံးထဲသာဆိုတဲ့ ပျိုဟာသူံကိုရှက်နေပုံရတယ်။ ပျိုတင်ပဲရှက်တာလားဆိုတော့ ပျိုတင်မဟုတ် ခွင့်မတောင်းပဲစိတ်ရဲ့အလိုကျ နမ်းလိုက်မိတဲ့သူလဲရှက်မိတာပါပဲ။

" အကိုရေပုံမှန်ပဲလား။ "

" အေးကွာ။ ရှိတာလဲချပေး။ "

သူတို့နှစ်ယောက် စားပွဲတစ်ခုမှာဝင်ထိုင်လိုက်တာနဲ့ ဆိုင်ထဲကကောင်ငယ်လေးကမေးလာတော့ ခေါင်ခေါင်းညိတ်ရင်းဖြေလိုက်တယ်။ သူ့ဘေးနားက လူသားလေးကိုကြည့်လိုက်တော့ လက်နှစ်ဖက်ကိုပွတ်သပ်ရင်းခေါင်းကိုသာငုံ့ထားနေတော့သည်။

" ရပြီအကို"

တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံအောင်မကြည့်ရဲတဲ့ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက်ခိုးကြည့်မိဆဲ။

လက်ဖက်ရည်ချပေးရင် ကလေးငယ်ကပြောပြီး သူတို့စားပွဲနားကအထွက်။

" ညီလေး ထပ်တရာတစ်ပွဲ ပဲများများထည့်ပေးနော်။ "

" ဟုတ်ကိုကြီး။ "

ကောင်ငယ်လေးဟာ ဒုတိယတစ်ကြိမ်ပြေးထွက်ပြီးအော်လိုက်ပါတယ်။

" ထပ်တရာတစ်ပွဲ ပဲများများ"

ခေါင်ဘေးနားက လူသားလေးကိုခိုးကြည့်မိလိုက်ပြန်တယ်။ အခုချိန်ထိငြိမ်သက်နေလို့ပေါ့။

မုန့်ပွဲများလာချတဲ့အထိ ပျို့ဖက်ကစကားစ၍မပြောသေး။ ဆူညံလွန်းတဲ့လက်ဖက်ရည်ဆိုင်မှာ
ငြိမ်သက်နေတာဆိုလို့ သူတို့ဝိုင်းတစ်ဝိုင်းသာရှိသည်။

" ဟ...သားကြီး။ အစောကြီးထိုင်နေပါ့လား။ အာ...ကိုမြတ်ထားပျိုလဲပါလာတားလား။ "

လောကွတ်ပျူငှာလုပ်နေတဲ့ ရန်ပိုင်။ ဆိုင်ထဲကိုဝင်လာတာနဲ့ သူတို့ထိုင်နေတာကို မြင်မိမှာသေချာသည်။ နတ်ဆေးမျက်စောင်းခဲလိုက်တော့ ရန်ပိုင်တစ်ယောက် ခေါင်းလေးငုံ့အမြီးလေးကုတ်လို့ပေါ့။

ပျို (Complete)Onde histórias criam vida. Descubra agora