Part.9 (Unicode)

1.4K 68 0
                                    

" ဟယ်လိုမမ"

" အင်း မေမေရှိတယ်လေ။ "

" ဟုတ်ကဲ့"

မမကညပိုင်းဆိုဖုန်းခေါ်တက်တာမို့ မြတ်ထားပျိုဆေးစာအုပ်အချို့ကိုဖတ်နေပြီး မမဆီကဖုန်းခေါ်နေတာမို့ ဘေးနားချထားတဲ့ဖုန်းကိုကောက်ကာကိုင်လိုက်သည်။
သူဖုန်းကိုင်လိုက်တာနဲ့မမက မေမေ့ကိုတမ်းမေးတော့သည်။

" အင်း ကျွန်တော်မေမေ့ကိုဖုန်းပေးလိုက်မယ်လေ။ "

ဒီလိုနဲ့မြတ်ထားပျိုအခန်းထဲကနေထွက်ကာ ဖုန်းကိုင်ရင်းမေမေ့အခန်းဆီကို ကူးပြောင်လိုက်သည်။ သူနဲ့မေမေတောင် ဟိုရက်ကပြဿနာကြောင့် မေမေကလဲသူ့ကိုစကားမပြောသလို၊ သူကလဲမေမေ့ကိုရှောင်နေခဲ့သည်။ အရင်ရက်တွေကတော့ မမကမေမေ့ဖုန်းကိုခေါ်ပေမယ့် ဒီနေ့တော့ထူးဆန်းစွာနဲ့ သူ့ဖုန်းကိုခေါ်ကာ မေမေ့က်ုသွားပေးခိုင်းသည်။

" မေမေ မမကဖုန်းပြောချင်လို့တဲ့။ "

မေမေ့အခန်းရှေ့ရပ်ကာ သူပြောလိုက်ပေမယ့် မေမေ့ဆီကတုန့်ပြန်သံမကြားရတာမို့ သူတံခါးခေါက်လိုက်သည်။

" ဒေါက် ဒေါက်"

ထိုအခါမှမေမေက သူ့ကိုအခန်းထဲဝင်လာခိုင်း၏။

" မမကဖုန်း​ပြောချင်လို့တဲ့။ "

မေမေလဲသူ့စိတ်ကြောင့်နဲ့ထင်ပါရဲ့ အခုရက်ပိုင်းအတွင်းတောင် အပြင်ကိုအရင်ကလိုမသွားပဲ အိမ်ထဲမှာသာနေ,နေသည်။

" အေး သမီးပြောကွယ်။ "

ဒေါ်စိတ်ထားမြတ် သမီးဖြစ်သူကိုတမင် စိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့ ညိုးငယ်အားလျော့စွာပြောလိုက်သည်။

" မေမေအရမ်းပိန်သွားတယ်နော်။ "

မမကမေမေ့ကိုကြည့်ကာ ပြောလိုက်သည်။ ဒီရက်ပိုင်းမေမေဘာမှသိပ်မစားတာတော့ သူလဲသိပါသည်။ ဒါပေမယ့်မမပြောသလိုတော့ မေမေကပိန်ကျမသွားတာကို သူလဲတွေ့ပါတယ်။

" ညည်းမောင်စိတ်နဲ့ ငါလဲအိပ်ယာပေါ်လဲနေရတာသာပဲကြည့်တော့။ "

မေမေနဲ့မမပြောတဲ့စကားသံတွေကို သူမကြားချင်တော့တာမို့ ခြံထဲကိုသာလမ်းဆင်းလျှောက်မိတော့သည်။

ပျို (Complete)Donde viven las historias. Descúbrelo ahora