Part.16 (Unicode)

2.6K 98 2
                                        

" အား..."

အသားကုန်ဖင်ကုန်းလို့အော်ဆိုတဲ့ စကားလုံးဟာသူ့ကိုရည်ညွှန်းထားသလိုပင်။ တကိုယ်လုံးအဝတ်အစားမကပ်တာကို ပြန်မြင်မိတဲ့ကိုယ့်အဖြစ်ကလဲ ရှက်စရာကောင်းလှသည်။ အဝတ်အစားတွေကုန်းကောက်နေချိန်မှာ အနောက်ကနေထွက်လာတဲ့ခေါင့်ကြောင့် သူ့မှာမျက်လုံးများပင်ပြူးကျယ်ရပြန်သည်။ ကိုက်နေဆဲခေါင်းကိုက်ဝေဒနာလေးပင် ကြက်ပျောက်ငှက်ပျောက်,ပျောက်ကုန်ရ၏။

" ခေါင်..."

မြတ်ထားပျိုနှုတ်မှလဲ 'ခေါင်'လို့ခေါ်လိုက်တယ်။

" အဲ့လောက်ကြီးအော်နေစရာလိုလို့လား။ ခင်ဗျားကိုယ်ပေါ်ကစောင်ကြီးကိုဖယ်လိုက်။ ဘာမှကွယ်ထားစရာမလိုဘူး။ ညကကျုပ်အကုန်မြင်ပြီးပြီ။ ခင်ဗျားရဲ့တင်ပါးမှာမှဲ့နက်ကလေးတစ်လုံးရှိတယ်ဆိုတာကိုလဲသိပြီးပြီ။ ခင်ဗျားတကိုယ်လုံးကိုမြင်ပြီးပြီမို့ ရှက်နေဖို့မလိုဘူး။ "

လူကရှက်လို့တစ်ကိုယ်လုံးပူထူနေပါတယ်ဆို ခေါင့်စကားလုံးတောင်ကြောင့် သူ့မှာမျက်နာဘယ်နားထားရမှန်းကိုမသိအောင်ဖြစ်ရသည်။

" ခွေးကောင်နတ်ဆေးခေါင် "

A/N လိမ်မာလွန်းတဲ့ကိုကိုပျိုကတော့ စတင်ဆဲရေးနေပါပြီ။ Tt

မြတ်ထားပျိုပူထူနေတဲ့မျက်နာကို ရေနွေးပူနဲ့ထပ်အပက်ခံလိုက်ရသလိုခံစားရသည်။ တံခါးဝကိုမှီရပ်ကာ ရေချိုးပြီးစထင်သည်။ ခေါင်ကခေါင်းမှာရေစိုနေတဲ့ဆံပင်ကို တဘက်တစ်ထည်နဲ့သုတ်နေသည်။ ရေချိုးပြီးစမို့ ခေါင့်ခန္ဓာကိုယ်ပေါ်မှာရေစက်ကလေးတွေက ခိုတွဲလို့နေသည်။ အားကစားဆော့ထားဟန်တူတဲ့ ခေါင့်ဗိုက်သားတွေကချပ်ယက်က ပေါင်မုန့်လုံးလေးတွေပါထွက်လို့နေသည်။

" ကြည့်လို့ဝရင်လဲ ရေချိုးဖို့လုပ်တော့။ "

ကြည့်ကောင်းကောင်းနဲ့ကြည့်ပြီးအတွေးထဲနှစ်မျှောနေတဲ့ သူ့ကိုခေါင်ကသတ်ိပေးသလိုလို၊ ခပ်ရွဲ့ရွဲ့ပြောလာတာမို့ မြတ်ထားပျိုစောင်ပုံထဲခေါင်းဝင်ပုန်းလိုက်တယ်။ မျက်နာလုံအောင်ဖုံးနိုင်သော်လည်း ဖင်ကပေါ်မည်းဆိုးတာကြောင့် စောင်ပုံထဲမျက်နာကိုကြာကြာဖုံးမထားနိုင်။

ပျို (Complete)Место, где живут истории. Откройте их для себя