" ကိုမြတ်ရေ ဒီနေ့လဲလက်ဆောင်ပန်းစီးတွေရောက်လာပြန်ပြီနော်။ "
ဆရာမလေးလဲ အသံကတက်ကြွနေပေမယ့် မြတ်ထားပျိုကတော့ စိတ်ညစ်လို့နေသည်။ တနေ့တစ်နေ့ဘယ်သူပို့တဲ့ပန်းမှန်းမသိတဲ့ ဒီပန်းစီးတွေကို လက်ခံရတဲ့သူ့အတွက်များစွာစိတ်အနှောက်အယှက်ဖြစ်လို့နေသည်။
" သဇင် ဒီပန်းတွေကိုလက်မခံနဲ့လို့ပြောထားတယ်လေ။ "
သဇင်ခေါင်းလေးကုတ်ကာ ကိုမြတ်ကိုကြည့်မိသည်။ ဒီလိုပန်းလက်ဆောင်ဆိုတာက တစ်စုံတစ်ယောက်ကိုပိုးပန်းလို့ပေးတဲ့ပန်းစီးမဟုတ်လား။ ကာယကံရှင်ကိုမြတ်က အလိုမကျပေမယ့် သူမကပျော်နေမိသည်။ ဘာလို့လဲဆိုတော့ ကိုမြတ်ကဒီပန်းစီးတွေကို သူမကိုပဲပေးနေတာမို့ဖြစ်သည်။
" ကိုမြတ်တို့များကံကောင်းလိုက်တာ။ ဘယ်လိုကောင်မလေးကများ ပိုးပန်းနေသလဲမသိဘူး။ အားကျမှု့တစ်သိန်းတစ်သောင်းပဲ။ "
" နင်ပဲအားကျနေလိုက်။ ငါကတော့စိတ်ရှုပ်လို့သေတော့မယ်။ "
ကိုမြတ်ပုံစံကတကယ်စိတ်ရှုပ်နေပုံရသည်။
" ဟယ်တော့ ဒီတစ်ခေါက်စာကဒ်လေးလဲပါတယ်ကိုမြတ်။ "
စာကဒ်ဆိုတာကြောင့် မြတ်ထားပျိုအနည်းငယ်တော့ လှုပ်လှုပ်ရွရွဖြစ်သွားမိသည်။
" အမလေးတော် ပို့တဲ့သူကလဲ အသားကြီးလိုက်တာ။
ဘာတဲ့...ဆရာဝန်လေးကိုပေးတဲ့ပန်းစီးကို အခြားသူတွေကိုပေးတော့ ကျွန်တော်နှလုံးသားလေးကြေကွဲသွားရတယ်တဲ့။ ဒါ့ကြောင့်တစ်ကြိမ်တစ်ခါလောက်တော့ ပန်းစီးလေးကိုမြတ်နိုးစွားနဲ့နမ်းရှိုက်ပြီး ယူသွားပေးပါ့လားတဲ့။ "
" ဘယ်လိုသဇင်။ "
သဇင်ရဲ့သာဖတ်သံအဆုံးတွင် မြတ်ထားပျို သဇင်လက်ထဲက ကဒ်လေးကိုယူကာဖတ်လိုက်တယ်။ သဇင့်ကိုကြည့်လိုက်တော့ အံသြပြီး
မျက်လုံးပြူးလေးနဲ့ကြည့်လာသည်။
စာထဲကအတိုင်းဆိုရင်တော့ ပန်းစီးပို့တဲ့သူဟာ ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး သူ့ကိုစောင့်ကြည့်နေတဲ့သူဖြစ်ရမည်။ မြတ်ထားပျိုဆေးခန်းတံခါးကိုဖွင့်ကာ အပြင်ဘက်ကိုမျက်လုံးဝေ့ဝဲကြည့်လိုက်တော့ ဆေးခန်းကိုကြည့်နေတဲ့သူကိုမတွေ့ရ။ အချိန်တစ်ခုကြာတဲ့အထိ အရိပ်အယောင်မတွေ့တာမို့ ဆေးခန်းထဲကိုပြန်ဝင်လာခဲ့သည်။
VOUS LISEZ
ပျို (Complete)
Roman d'amourဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
