Part.24 (Unicode)

1.7K 78 1
                                    

" သူကဘယ်သူလဲပျို။ "

သမိုင်းနေကိုဆေးရုံကနေ သူတို့နေထိုင်ရာတိုက်ခန်းကိုခေါ်လာတဲ့မြတ်ထားပျို။ သမိုင်းနေရဲ့အကြောင်းစုံကိုသိရတာကြောင့် သမိုင်းနေအတွက် ဘေးကင်းစိတ်ချလုံခြုံစေရန်အတွက်ခေါ်လာခဲ့ခြင်းဖြစ်သည်။ သမိုင်းနေကိုခေါ်လာရန်အတွက် ခေါင့်ကိုကြိုတင်အသိမပေးပဲ ကိုယ့်သဘောနဲ့ကိုခေါ်လာခဲ့တာမို့ ခေါင်ကအလိုမကျတဲ့ မျက်ဝန်းတွေနဲ့ကြည့်ကာဆိုလာတယ်။

" ကိုယ်တို့ဆေးရုံကလူနာ။ ဘယ်မှသွားစရာမရှိလို့ခေါ်လာခဲ့လိုက်တာ။ "

ပျို့ရဲ့စကားကြောင့်နတ်ဆေးသွေးပင်တက်ချင်လာသလိုလို။ ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့လူကို သူတို့နေထိုင်ရာတိုက်ခန်းကိုခေါ်လာခဲ့သတဲ့လေ။ ကိုမြတ်ထားပျိုတို့သနားတက် အားနာတက်ပုံများကတော့ လက်အုပ်ပင်ချီကာထိုင်ကန်တော့ချင်မိတဲ့အထိ နတ်ဆေးသြချရသည်။

" ဘယ်သူ့သဘောနဲ့လဲ။ "

" ကိုယ့်သဘောနဲ့။ "

" မရဘူး။ ပြန်ပို့လိုက်။ "

ကိုယ့်ထက်အသက်အများကြီးငယ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ရုပ်ရည်ပိုင်းကလဲချောလို့။ နတ်ဆေးအတွေးနဲ့တင်လက်မခံချင်တာမို့ ပျို့ရဲ့စကားတိုင်းကို ဘုကလန့်တိုက်နေခြင်း။

သမိုင်းနေတိုက်ခန်းထဲရောက်ကတည်းက သူ့ကိုအလိုမကျတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့အကိုကြီးတစ်ယောက်။ ဆရာနဲ့ဘာတော်လဲမသိပေမယ့် အဲ့ဒီအကိုကြီးရဲ့မျက်နာက ခက်ထန်နေလို့ သမိုင်းနေအနည်းငယ်လန့်ရသည်။ ဒါကြောင့်ဆရာ့နောက်ကိုကွယ်ကာရပ်လိုက်သည်။

ပျို့ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ကောင်လေးကြောင့်နတ်ဆေးမှာပိုပြီးဒေါသထွက်ရပြန်သည်။ သူ့ကိုကြောက်နေပုံရတဲ့ ထိုကောင်လေးဟာ ပျို့နောက်မှာရပ်ကာ သူ့ကိုခိုးကြည့်နေ၏။

သမိုင်းနေဆိုတဲ့ကောင်လေးကို နတ်ဆေးအံကြိတ်ကာမျက်လုံးပြူးပြတော့ ကောင်လေးကသူကိုလျှာထုတ်ကာ ပြန်ပြောင်လေတော့သည်။

အသက်အရွယ်အားဖြင့်လေးနှစ်လောက်သာကြီးတဲ့နတ်ဆေးဟာ အသက်နှစ်ဆယ်အရွယ်ကောင်လေးကိုကြည့်မရတာဟာ နည်းနည်းတော့ကလေးဆန်တဲ့စိတ်လို့ပြောရမယ်။ ကလေးဆန်တယ်ဆိုတော့လဲဆန်တယ်ပေါ့လေ။ ဘာဖြစ်လဲ။ အရေးကြီးတာက ပျို။ ပျို့အနားမှာအခုလိုယောကျ်ားလေးမဆိုနဲ့၊ မိန်းကလေးတောင်အနားကပ်တာမကြိုက်တာ။ အခုတော့သမိုင်းနေဆိုတဲ့ကောင်လေးကတော့ တိုက်ခန်းထဲကိုတောင်ရောက်လို့နေပြီ။ နတ်ဆေးအရေးမသာတာမို့ ပျို့ကိုခွင့်ပြုပေးရ၏။

ပျို (Complete)Donde viven las historias. Descúbrelo ahora