" ခေါင် ဒီနေ့အိမ်ကိုလိုက်လည်မလား။."
" ဟာ မလိုက်ချင်ပါဘူးဗျာ။ ခင်ဗျားအမေက ကိုယ့်ကိုအိမ်ခေါ်လာတာမြင်ရင် ပျို့ကိုဆူနေမယ်။ ပြီးတော့ အခုပဲထသတ်တော့မယ့် မျက်နာကြီးနဲ့။ မလိုက်တော့ဘူး။ "
အဟက်!!!
" မေမေကအခုချိန်အိမ်မှာမရှိဘူးခေါင်ရ။ မေမေ့ရဲ့ထုံးစံအတိုင်း သူ့မသူငယ်ချင်းတွေနဲ့ မှန်ကြည့်သွားတယ်။ "
ပျို့မျက်နာက နာကျင်နေဟန်။ ဘာလို့လဲဆိုတော့ အဆုံးသတ်နားမှာ ပျို့အသံကတိမ်ဝင်သွားတာမို့လို့လေ။ စိတ်မကောင်းခြင်းနဲ့ ဝမ်းနည်းခြင်းတွေပါဝင်နေပြီး သိမ်ငယ်ခြင်းတို့ကအထင်းသား။
" အင်း...ခင်ဗျားရဲ့မာတာမိခင်ကြီးမရှိဘူးဆိုရင်တော့ လိုက်ခဲ့မယ်လေ။ အရမ်းအကြာကြီးတော့နေလို့မရဘူး။ "
" မရှိပါဘူးဆိုခေါင်ကလဲ။ ပြီးတော့ကိုယ်ကမင်းကိုတနေကုန်ခေါ်ထားမယ်လို့ထင်နေတာလား။.ခေါင့်ကိုညာစရာမရှိဘူးလေ။ "
ပျို့ရဲ့ဖိတ်ခေါ်မှု့ကြောင့် နတ်ဆေးခေါင်လိုက်ရန်သဘောတူလိုက်တယ်။
ဒီလိုနဲ့မြတ်ထားပျိုရဲ့ အိမ်အလည်လိုက်လာတဲ့ခေါင်ဟာ မငြင်းဆန်ပဲလိုက်လာခဲ့၏။ ခေါင်ကသူ့ကိုသနားတာကြောင့်လား သူ့ရဲ့စိတ်မကောင်းမှု့တွေကိုပြေပျောက်စေရန်အတွက်လားမပြောတက်။ တကယ်ဆိုခေါင်မလိုက်ချင်တဲ့ သူနေတဲ့နေရာကိုသာ ခေါင်မလိုက်လာခဲ့ရင်၊ ခေါင့်ရဲ့ငြင်းဆန်မှု့ကို သူသာလက်ခံခဲ့ရင်၊ ခေါင့်စကားတွေကိုသူသာနားထောင်ခဲ့လျှင်....
အိမ်ကိုရောက်တာနဲ့ မြတ်ထားပျိုမီးဖိုခန်းထဲကိုအပြေးဝင်လိုက်တယ်။ ခေါင်ကတော့ ခုံမှာမထိုင်သေးပဲ ဟိုဟိုဒီဒီလိုက်ကြည့်နေဆဲပေါ့။
" ခေါင်ဖျော်ရည်လေးသောက်လိုက်ပါအုံး။ "
Juiceတစ်မျိုးကိုအမြန်ဖျော်ကာ အိမ်ရှေ့ခန်းကိုအမြန်ပြန်ထွက်လာခဲ့တယ်။
" အင်း ဖျော်ရည်လေးကသောက်လို့ကောင်းသားပဲ။ "
ဇီးဖျော်ရည်ကို သံပုရာသီးလေးထည့်ထားပုံရတယ်။ သူတစ်ချိုက်မော့သောက်လိုက်တော့ သံပုရာသီးနံ့လေးက မွှေးမွှေးလေးပင်။ နတ်ဆေးရေခဲမကြိုက်ပေမယ့် ပျိုဖျော်ပေးထားတာမို့ ကုန်အောင်မော့သောက်ပစ်လိုက်တယ်။
KAMU SEDANG MEMBACA
ပျို (Complete)
Romansaဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
