Part.7 (Unicode)

2K 91 4
                                    

မြတ်ထားပျိုဒီနေ့တစ်နေကုန် ဆေးရုံမှာလဲစိတ်မပါသလို၊ ဆေးခန်းထိုင်တော့လဲ အပြင်ကိုသာငေးကြည့်နေမိဆဲ။

" ကိုမြတ်ထားပျို တစ်ယောက်ယောက်လာမှာကိုမျှော်နေတာလားဟင်။ "

အကူကောင်မလေး၏စကား​ကြောင့် မြတ်ထားပျိုရှက်သွေးဖြာသွားရသည်။ သူမပြောသလို သူလဲတစ်ယောက်ယောက်လာမယ်လို့မျှော်လင့်နေမိတာပင်။ မနေ့ကကိစ္စနဲ့ ခေါင်များသူ့ကိုစိတ်ဆိုးပြီးမတွေ့ချင်တော့တာလားမပြောတက်။ အရင်ရက်တွေတုန်းကဆို ဆေးရုံကိုလာကြိုတက်သည်။ ဆေးရုံမှာလာမကြိုရင်လဲ ဆေးခန်းကိုတော့ ရောက်လာတက်စမြဲ။ ဒီနေ့တော့ အရိပ်အယောင်လေးတောင်မမြင်ရတာမို့ မြတ်ထားပျိုအလုပ်လုပ်ရတာလဲ စိတ်မပျော်တော့ချေ။

" သဇင်ရေ ဒီနေ့လူလဲပါးတယ်ဆိုတော့ အကိုတို့ဆေးခန်းအစောပိတ်ကြရအောင်။ "

ဖျော့တော့နေတဲ့ကိုမြတ်ထားပျိုမျက်နာဟာ အားမရှိတဲ့ပုံပင်။

" ဟုတ်ကဲ့ ဒါဆိုရင်လဲသဇင်ပဲဆေးခန်းပိတ်ခဲ့လိုက်မယ်လေ။ ကိုမြတ်ထားပျိုပြန်နားရင်နားလိုက်တော့။ လူကဖျော့တော့နေတာပဲ။ "

မြတ်ထားပျိုစိတ်ကြောင့် လူကမလန်းတာကို သဇင်ကသတိထားမိဟန်နဲ့ပြောလာသည်။ သူလဲသဇင့်ကိုဆေးခန်းသော့ပေးကာ အိမ်ကိုပြန်လာခဲ့သည်။

ဘာတွေလုပ်နေလဲခေါင်ရေ။ အကို့ဆီကိုလဲမလာဘူး။ မင်းအဆင်မှပြေရဲ့လား။

အတွေးများနဲ့မြတ်ထားပျို အိမ်အပြန်လမ်းလျှောက်ရတာတောင် လူကနှုံးခွေကာ အားမရှိဟန်။ ခေါင်ပြောသလိုပဲ သူတို့ကသူငယ်ချင်းတွေလိုတောင် ဆက်ပြီးခင်မင်ခွင့်မရှိတော့တတာလား။ အရင်လိုများဖုန်းခေါ်လေးမလားဆိုတဲ့အတွေးနဲ့ မြတ်ထားပျိုဖုန်းကိုကြည့်မိတာလဲအကြိမ်ကြိမ်။ ဆေးရုံသာမက ဆေးခန်းလဲအရိပ်အယောင်မပြတဲ့ ခေါင်ဟာတစ်နေကုန်သူ့ဆီဖုန်းလေးတောင် တစ်ချက်စက်ဖော်မရ။

အိမ်အပြန်လမ်းကဒီလောက်ပျင်းစရာကောင်းလိမ့်မယ်လို့ မြတ်ထားပျိုမထင်ခဲ့မိ။

မြတ်ထားပျိုအိမ်ကိုရောက်တာနဲ့ အခန်းထဲတန်းဝင်လိုက်တယ်ဆိုရင်ပဲ မေမေကသူ့ရှေ့မှာပိတ်ရပ်လို့နေသည်။ တမင်သူ့ကိုစောင့်နေဟန်တူသည်။

ပျို (Complete)Donde viven las historias. Descúbrelo ahora