" ပျို...။ တကယ်ဆိုရင်မောင့်ကို ကြိုပြီးတိုင်ပင်သင့်တယ်မဟုတ်ဘူးလား။ "
အင်္ကျီတွေကိုမီးပူတိုက်နေရာမှ မြတ်ထားပျိုခနရပ်ကာ ခေါင့်မျက်နာကိုကြည့်လိုက်တယ်။
" လိုအပ်လို့လားခေါင်။ မင်းနဲ့ငါကြားမှာ တစ်ယောက်တစ်ယောက်ခွင့်ပြုချက်တောင်းခံစရာအကြောင်းအရင်းမရှိဘူးလို့တော့ ငါထင်တယ်။ မင်းတောင်အိမ်ထောင်ရှိလျှက်နဲ့ အခြားမိန်းကလေးနဲ့ပရောမရီလုပ်နေတုန်းက ငါ့ခွင့်ပြုချက်လိုခဲ့လို့လား။ "
အင်ကျီကိုရေအနည်းငယ်ဖျန်းကာ မီးပူကိုသာအာရုံစိုက်တိုက်နေတဲ့ပျို၏စကားတွေကို နတ်ဆေးနားမလည်။ ဘယ်တုန်းကသူကအခြားမိန်းကလေးတစ်ယောက်နဲ့ ပရောပရီလုပ်လိုက်သလဲဆိုတာကို နတ်ဆေးကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ပျိုကစွပ်စွဲလို့လာချေပြီ။ နတ်ဆေးကိုယ့်ကိုလဲမညာချင်သလို၊ ပျို့ကိုချစ်နေပါတယ်ဆိုတဲ့ သူ့ရဲ့အချစ်တွေကိုလဲ ပျိုမသိအောင်ဖုံးကွယ်မထားချင်တော့တာကြောင့် အရင်ကပျို့ကိုစိတ်ဆင်းရဲပါစေဆိုတဲ့ သူ့အကျင့်က အခုချိန်မှာတော့လေအဝေ့လိုပင် ပျောက်ကွယ်သွားကုန်၏။
ဒါ့ကြောင့်လဲသူပျို့ကိုဝန်ခံတော့မည်ဆိုတဲ့အချိန်မှ ပျိုကစတင်တိုက်ခိုက်လာတဲ့စကားလုံးတွေ။
အိမ်ရှေ့ခန်းမှာအိပ်နေတဲ့ကောင်လေး နိုးသွားမလားဆိုတဲ့အတွေးနဲ့ မြတ်ထားပျိုစိုးရိမ်မိပြန်တယ်။ ကိုယ်ဖိတ်ခေါ်လာတဲ့ဧည့်သည်ကို သူ့အတွက်နဲ့စိတ်ညစ်သွားတာမျိုးမဖြစ်စေချင်တာကြောင့်လဲပါသည်။
" ပျို..."
နတ်ဆေးနူးညံ့နွေးထွေးတဲ့အသံလေးနဲ့ခေါ်နေပေမယ့် ပျိုကတော့အတည်ကြီးစိတ်ဆိုးစိတ်ကောက်လို့နေသည်။
" ပျိုလို့..."
နတ်ဆေးမီးပူတိုက်နေတဲ့ ပျို့နောက်ကျောကနေသိုင်းဖက်ကာခေါ်လိုက်သည်။ ပျို့ပခုံးပေါ်ကိုမှေးတင်ကာ ပျို့ကိုတမင်ကပ်ချွဲနေလိုက်သည်။ ပျိုကသူချွဲလျှင်ဘယ်တော့မှတောင့်မခံနိုင်ဘူးဆိုတာကို နတ်ဆေးဆိုတဲ့သူကအသိဆုံးမဟုတ်လား။
" လွှတ်စမ်းပါခေါင်ရာ။ ဒီမှာပူနေပါတယ်ဆို မင်းခန္ဓာကိုယ်ကြီးနဲ့ပူးကပ်ထားတော့ ငါပိုပူတယ်။ "
ESTÁS LEYENDO
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023