Part.20 (Unicode)

1.6K 71 0
                                    

မြတ်ထားပျိုရုံးခန်းထဲက ထိတ်လန့်စရာမြင်ကွင်းအချို့ကြောင့် လှည့်ဖွင့်လိုက်တဲ့ လက်ကိုင်တံခါးဘုကို တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ အံ့သြတုန်လှုပ်မှု့ကြောင့် ထိုနေရာမှာတင်ကြက်သေသေလို့ရပ်နေမိတာအချိန်တစ်ခုကြာတဲ့အထိပင်။ သတိပြန်ဝင်လာတော့ သူ့ဘေးနားကကောင်မလေးက သူ့ကိုငေးကြည့်နေရာကနေ ခေါင်နဲ့အမျိုးသမီးတစ်ယောက်ရဲ့ မဖွယ်မရာပြုလုပ်နေတာကို မြင်တွေ့သွားမှာစိုးရိမ်ကာ တံခါးကိုအမြန်ပိတ်လိုက်ရသည်။ သူမလက်ထဲကို ထမင်းချိုင့်ပေးပြီး ခေါင့်ရဲ့ရုံးခန်းရှေ့ကနေပြန်လှည့်ထွက်လာမိတော့သည်။ အစကတော့ သူရောက်လာတာကို ခေါင်မကြိုက်ဘူးအထင်နဲ့စိုးရိမ်နေပေမယ့် အပြန်လမ်းကတော့ လူကိုထိတ်လန့်စေတဲ့ မြင်ကွင်းကြောင့်လူကအားကုန်အားပျက်ဖြစ်သွားရသည်။ ခေါင်ညဖက်တွေပြန်မလာတာက companyမှာအလုပ်တွေများနေတာလို့ သူထင်ခဲ့ပေမယ့် အခုတော့အတွေးနဲ့အမြင်ကခြားနားလို့နေသည်။

" ငါ့အကိုက အခုလိုမြင်ကွင်းတွေကို အခုမှမြင်ဖူးတာထင်တယ်။ တော်တော်လေးအံ့သြသွားပြီး ရှော့လ်ရသွားပုံရတယ်။ "

ကောင်မလေးကသူ့ပုံစံကိုမြင်ပြီး သူမကတော့တွေ့ကြုံရတာများနေဟန်နဲ့ပေါ့ပါးစွာပြောလာသည်။ ဒါဆိုခေါင်ကအခုလိုတွေကို ရုံးကဝန်ထမ်းတွေရှေ့မှာပါမရှောင် အကြိမ်ကြိမ်ပြုလုပ်နေပုံရသည်။

မြတ်ထားပျိုအိမ်အပြန်လမ်းတို့က လူကိုနှေးကွေးရုံတင်မက အတွေးပေါင်းမြောက်များစွာနဲ့တည်ရှိလို့နေသည်။

" ထွက်သွားလို့ရပြီမဟေသီ။ "

နတ်ဆေးခေါင်ချက်ချင်းပဲ မဟေသီကိုတွန်းလိုက်လိုက်တယ်။ ရုံးခန်းတံခါးပေါက်ဝမှာရပ်နေတဲ့လူသားလေးပျောက်ကွယ်အထိ သူငေးကြည့်နေမိသည်။

" ဟာ ကိုကိုကလဲကွာ။ "

မဟေသီဆိုတဲ့အမျိုးသမီးဟာ ခပ်နွဲ့နွဲ့ချွဲတဲ့အသံနဲ့ညုတုတုအသံလေးဖြင့် ခြေစောင့်ကာဆူဆောင့်နေပေမယ့် နတ်ဆေးကတော့မတုန်မလှုပ်ငြိမ်သက်လို့နေသည်။

ဒေါက် ဒေါက်

တံခါးခေါက်သံနှစ်ချက်ထွက်ပေါ်လာပြီး သူ့ရုံးခန်းထဲကိုဝင်လာတဲ့ကောင်မလေး။ ပျိုတစ်ယောက် သူ့companyကိုရောက်လာပြီလို့ သတင်းပေးသူက ထိုကောင်မလေးပင်။ သူမကိုဝင်မလာစေရန်တားပေမယ့် ပျို့ရဲ့နဂိုအကျင့်ကခေါင်းမာတာကြောင့် မတားနိုင်ဘူးဆိုတာကိုလဲနတ်ဆေးသိသည်။ ဒါ့ကြောင့်မဟေသီရောက်နေတာနဲ့ အတော်ပဲဖြစ်သွား၏။

ပျို (Complete)Donde viven las historias. Descúbrelo ahora