Part.34 (Unicode)

1.6K 63 1
                                    

" ဟယ်လို။ တွေ့ရတာဝမ်းသာပါတယ်ကိုကိုမြတ်ထားပျို။ "

သွက်လက်ကာ လှပကျော့ရှင်းတဲ့ကောင်မလေး။ ကျောလယ်လောက်အထိဝဲကျနေတဲ့ ခွေလိမ်ဆံပင်ကို သူမရဲ့ကျောပေါ်တဝက် ရှေ့ကိုတဝက်ချကာ လက်ကမ်းလာသူက ခေါင်၏ညီမ။ ရုပ်ကလေးကချစ်စရာလေးရယ်မို့ မြတ်ထားပျိုပြုံးပြကာ လက်ကမ်းပေးလိုက်သည်။

" ညီမနာမည်က နံ့သာမှိုင်းပါ။ တစ်အိမ်လုံးကတော့မှိုင်းလေးလို့ခေါ်ပါတယ်။ တစ်မိသားစုလုံးရဲ့ သည်းသည်းလှုပ်အချစ်ခံလေးပေါ့။ "

" ကိုယ်နာမည်ကိုတော့သိပြီးသားမို့ မိတ်မဆက်တော့ဘူးနော်မှိုင်းလေး။ "

" ဟုတ်ကဲ့။ "

သွက်လက်ပြီးချစ်စရာကောင်းတဲ့မှိုင်းလေးဟာ ရယ်လိုက်ရင် ခေါင့်လိုပဲပါးချိုင့်သေးသေးလေးလဲပါ,ပါသေးတယ်။
ခေါင်နဲ့မှိုင်းလေးရဲ့တူညီတဲ့အချက်တစ်ခုရှိပါသေးတယ်။ အဲ့တာကခေါင်ကပဲနီလေးတွေကိုမစားတဲ့အချက်ပင်။ အခုလဲမှာထားတဲ့ အစားအစာထဲမှာ ပဲစေ့သေးသေးလေးတွေပါနေတာကို မောင်နှမနှစ်ယောက်စလုံး တူနဲ့ဖယ်နေတာကို မြတ်ထားပျိုတွေ့ရသည်။ မြတ်ထားပျိုဒီလိုအခြေအနေမှာတောင် ခေါင့်ကိုကြည့်ပြီးပြုံးမိပါသေးတယ်။

" ကိုကို။ ကိုကို့ရဲ့ပျို့ကိုဟင်းတွေထည့်ပေးလိုက်အုံးလေ။ "

ခေါင်ကညီမဖြစ်သူကိုသာ စားစရာတွေတစ်ခုပြီးတစ်ခုထည့်ပေးနေပေမယ့် သူ့ပန်းကန်ထဲကိုတော့ အခုထိထည့်ပေးမလာသေးပါ။ ဒါ့ကြောင့်အလိုက်သိလွန်းတဲ့ မှိုင်းလေးကသူ့အကိုဖြစ်သူကိုပြောပြနေလေသည်။

" ကိုကိုကလေ သိပ့်ညံ့တာပဲ။ အခုလိုအချိန်မျိုးတွေဆို ကိုယ်ချစ်ရတဲ့သူကိုဦးစားပေးရတာမသိဘူးလား။ "

" ဟင် ကိုကိုလဲ ညီမလေးကိုချစ်လို့ဂရုစိုက်ပေးနေတာပဲလေ။ "

" ဟာ...ကိုကိုကလဲဝေးနေပြန်ပါပြီ။ ဒါကိုဘယ်လိုများသည်းခံနေလဲကိုကို့ပျို။ "

မှိုင်းလေးကစိတ်ပျက်ဟန်နဲ့ သက်ပြင်းမောလေးကိုချရင်း သူ့အက်ိုရဲ့ဒဏ်ကိုဘယ်လိုခံသလဲဆိုတာကို မြတ်ထားပျိုဘက်လှည့်ကာ သူ့ကိုသနားသလိုနဲ့ပြောလာသည်။

ပျို (Complete)Donde viven las historias. Descúbrelo ahora