Part.28 (Zawgyi)

372 11 0
                                    

နတ်ဆေးနဲ့မြတ်ထားပျိုတိုက်ခန်းကိုပြန်ရောက်တော့ မီးတောင်ဖွင့်မထား။ အခန်းကမှောင်မဲလို့နေတာမို့ သမိုင်းနေများအပြင်သွားလေးသလားလို့တောင် တွေးမိလိုက်တယ်။ သမိုင်းနေစရောက်တဲ့နေ့ကတော့ ခေါင်ကသူ့ကိုမကျေနပ်ဖြစ်ပေမယ့် အရမ်းလူကြီးဆန်ချင်နေတဲ့ခေါင်ကတော့ အိပ်ယာဝင်မှသာ သူ့ကိုပြောရှာလေသည်။ အဲ...အန်တီရောက်လာပြီး နောက်ရက်ကစလို့ ခေါင်ကပုံစံပြောင်းလာတော့တာပဲ။ ညဆိုလဲပြန်လာချင်တဲ့အချိန်မှ ပြန်လာတက်တဲ့ခေါင်ဟာ တိုက်ခန်းကိုအချိန်မှန်ပြန်ရောက်လာတက်တာမျိုး။ လက်ထပ်ပြီးမှ သူ့ကိုအရေးမလုပ်တဲ့ခေါင်ဟာ ဆေးရုံကိုလာကြိုတက်တာမျိုးတွေလဲရှိလာတယ်လေ။ အရေးအကြီးဆုံး အချက်တစ်ချက်ရှိသေးတယ်။ ဖုန်းဆိုလဲမြတ်ထားပျိုဆိုတဲ့သူခေါ်မှသာ ကိုင်တက်ပြီး စကားအများကြီးပြန်မပြောပဲ ဖုန်းချသွားတဲ့ခေါင်ဟာ မနက်သူရုံးရောက်ရင်လဲဖုန်းဆက်ပြီး ရုံးရောက်ကြောင်းကိုလဲ ပြောပြလာတယ်။ နေ့ခင်းထမင်းစားချိန်ဆိုရင်လဲ သူထုတ်ပေးလိုက်တဲ့ထမင်းချိုင့်ကိုသာ စားနေကြောင်းကိုလဲ သတိတရနဲ့ပုံရိုက်ပြီးပို့တက်ပြန်သည်။ ညနေဆိုရင်လဲဆေးရုံကိုလာကြိုရန် ခေါင်ကဖုန်းဆက်ပြီးမေးတက်ပြန်သေးတယ်လေ။ ပြောင်းလဲခြင်းတွေကြောင့် အံသြမိတဲ့သူက သူကိုယ်တိုင်ပင်။ တကယ်ချစ်နေပြီလားလို့မေးပြန်ရင်လဲ ချစ်တယ်လို့ဝန်ခံရမှာ ရှက်နေတာလား၊ ဒါမှမဟုတ်ဝန်မခံချင်တာလားဆိုတာကလဲ မသဲကွဲပြန်။

" သမိုင်းနေဘယ်သွားလဲမသိဘူး။ "

နတ်ဆေးအခန်းမီးဖွင့်ရင်းပြောလိုက်သည်။ ပျိုကတော့ ဘာမှမသိတဲ့ပုံနဲ့ သူ့ကိုပြန်ကြည့်လာတယ်။

" ပျိုခင်ဗျားကိုကော သမိုင်းနေကဘယ်သွားမယ်ဆိုတာပြောမသွားဘူးလား။ "

" အရင်ကတော့ဖုန်းဆက်ပြီးပြောတက်ပေမယ့် ဒီနေ့ကျဖုန်းမဆက်ဘူးလေ။ ထားပါလေ သူလဲသူ့ကိုယ်ရေးကိုယ်တာကြောင့် အပြင်ထွက်သွားတာနေမှာပါ။ ပြန်လာပါလိမ့်မယ်။ "

သမိုင်းနေကိုအစကတော့ နတ်ဆေးအမြင်မကြည်ခဲ့တာမှန်ပေမယ့် အခုလိုကျတော့လဲစိတ်ပူနေမိတယ်။ သူ့မိသားစုရဲ့သတင်းအချို့ကိုစုံစမ်းတော့လဲ သမိုင်းနေပြောသလိုမှန်နေတာမို့ သမိုင်းနေအတွက်စိတ်ပူမိတာအမှန်ပဲ။ နောက်တစ်ခုက သဘာဝဆိုတဲ့ကောင်လေးအကြောင်း။ သတင်းအစအနမကြားသေးပေမယ့် သေချာသလောက်ကတော့ ဒေါ်ရိုဇီလက်ထဲမှာ သဘာဝရှိနေတယ်ဆိုတဲ့သတင်းကတော့ ခပ်ရေးရေးသာ။ သေချာလား၊ ဒါမှမဟုတ်တမင်သမိုင်းနေရဲ့အားနားချက်ပျော့ကွက်ကို ဒေါ်ရိုဇီကကိုင်ထားတယ်လို့တော့ နတ်ဆေးထင်မိတာပင်။ သမိုင်းနေပြောတာကလဲ သဘာဝဆိုတဲ့ကောင်လေးကို သူ့ရှေ့မှာပင်သတ်လိုက်တယ်ဆိုတဲ့စကားကြောင့်လေ။ဘယ်စကားကအမှန်လဲဆိုတာကိုတော့ နတ်ဆေးလဲမသိသေးတာမို့ သေချာအောင်တော့စုံစမ်းခိုင်းတုန်းသာဖြစ်သည်။

ပျို (Complete)Donde viven las historias. Descúbrelo ahora