ဖုန်း၏alarmပေးသံကြောင့် ပျိုအိပ်ယာမှထလိုက်သည်။ ညကဘယ်အချိန်အိပ်ပျော်သွားမှန်းမသိတဲ့သူ။ ဘေးနားကအိပ်ပျော်နေတဲ့ချစ်ရတဲ့ခေါင်။ မြတ်ထားပျိုခေါင်းအုံးပေါ်လက်ထောက်ကာ ခေါင့်မျက်နာလေးကိုငေးကြည့်နေမိသည်။
" မောင့်ကိုတော်ရုံပဲကြည့်မလားပျို။ "
ခိုးနမ်းရန်ပြင်နေတဲ့ပျို့ကိုတမင်စချင်တာမို့ နတ်ဆေးအိပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။ ပျိုကသူ့ဆံပင်လေးတွေကို ဖွဖွသပ်တင်ပေးနေတာကိုလဲသိတယ်။ သူနိုးသွားလေးမလားဆိုတဲ့စိတ်နဲ့ မထိမကိုင်ရဲ့ဖြစ်နေတဲ့ ပျို့ရဲ့လက်ကိုကိုင်ကာ ပါးပေါ်တင်ပေးလိုက်တော့ ပျိုကလန့်သွားပုံရသည်။ ဒါကိုသူကမျက်လုံးဖွင့်ပြီးပြောလိုက်တော့ ပျိုကလက်ကိုအမြန်ရုတ်သိမ်းလိုက်ပေမယ့် နောက်ကျလို့သွားတယ်မလား။
" မင်းတမင်ညစ်တာပဲနတ်ဆေး။ ငါကမင်းအိပ်ပျော်နေတယ်ထင်လို့။ "
" မောင်လို့ပြောင်းခေါ်လေ။ ညကဘယ်အရူးလေးလဲမသိပါဘူး။ ရင်ခွင်ထဲအတင်းတိုးဝင်ပြီး မောင် မောင်နဲ့ခေါ်ပြီးချွဲနေလိုက်တာ။ "
မြတ်ထားပျိုညကအကြောင်းတွေကိုပြန်စဥ်းစားရသည်။ တကယ်ပဲနတ်ဆေးကို သူမောင်လို့ခေါ်ခဲ့သလားဆိုတာကိုပေါ့။ ဒါပေမယ့်ညကအကြောင်းတွေက သူ့ခေါင့်ထဲမှာခပ်ရေးရေးသာဖြစ်နေသည်။
" ငါကချွဲလိုက်မိလို့လား။ ငါတော့မမှတ်မိဘူး။ "
" ဒါဆိုမှတ်မိအောင်မောင်ကလုပ်ပေးရမှာပေါ့။ "
နတ်ဆေးပျို့လက်ကိုဆွဲကာ အိပ်ယာပေါ်ကိုဆွဲလှဲလိုက်သည်။
စွေ့ခနဲပါသွားတဲ့ပျို့ရဲ့ကိုယ်လုံးလေး။ နောက်အနမ်းကြမ်းကြမ်းတွေ။ တရွေ့ရွေးနဲ့ထိကိုင်လာတဲ့နေရာအချို့ကြောင့် ပျို့ကိုယ်လုံးလေးဟာ ဆတ်ခနဲတွန့်သွားတာကိုလဲသတိထားမိသည်။
" ညကဖြစ်ခဲ့တာတွေကိုသတိရပြီလားမောင့်ရဲ့ပျို။ "
မြတ်ထားပျိုခေါင်းကိုအသာခါရမ်းပြလိုက်သည်။ ခေါင့်ရဲ့နှုတ်ခမ်းသားတို့ဟာ သူ့ရဲ့နှုတ်ခမ်းလွှာကိုဆွဲယူစုပ်နမ်းလာပြန်ပါသည်။ မြတ်ထားပျိုမျက်လုံးလေးကိုမှိတ်ကာ အလိုက်သင့်လေးခေါင်ခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားခဲ့ရသည်။ မနက်ခင်းရဲ့လေတိုးသံ၊ အခန်းထဲကညီးသံတို့သည် ဆူညံကျယ်လောင်လို့နေသည်။
ВЫ ЧИТАЕТЕ
ပျို (Complete)
Любовные романыဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
