Part.31 (Unicode)

1.4K 63 0
                                    

" နင်တို့အခုထိ သမိုင်းနေကိုမတွေ့ကျသေးဘူးလား။ "

" ဟုတ်ကဲ့မမကြီး။ ဘာသတင်းအစအနမှမကြားရသေးတာပါ။ "

" နင်တို့ဘာများအသုံးကျလဲ ငါ့ကိုပြောစမ်း။ အခုဘယ်လိုလုပ်ကြမလဲ။ သမိုင်းနေရဲ့အသက်၂၀ပြည့်ကသိပ်မလိုတော့ဘူး။ အဲ့ဒီကောင်လေးကိုသာရှာမတွေ့ခဲ့ရင် အကိုကြီးရဲ့ရှေ့နေက ငါ့မှာရှိတဲ့စည်းစိမ်အကုန်လုံးကို မိဘမဲ့ဂေဟာနဲ့အချို့နေရာတွေကို အကုန်လှူခိုင်းပစ်ထားတာ။ "

ဒေါ်ရိုဇီတစ်ယောက် မကြာခင်မှာတူဖြစ်သူရဲ့အသက်၂၀ပြည့်ကရောက်တော့မှာမို့ သူမရဲ့စိတ်ဟာမျောက်ကိုငပိကျွေးမိသည်နှယ် ခုန်ဆွလို့နေတော့သည်။ သူမငှားထားတဲ့လူမိုက်တွေကလဲ တစ်ယောက်မှအသုံးမကျတာမို့ ပိုပြီးဒေါသထွက်နေမိတော့သည်။

ဆေးရုံကနေပျောက်ချင်းမလှအစအနတောင်မကျန်ပျောက်သွားပုံကအတော်လေး ထူးဆန်းလို့နေသည်။ ဒီကောင်လေးဟာ ကိုယ်ပျောက်အစွမ်းများရှိနေသလားမပြောတက်။ တစ်ခါကလဲအိမ်ကနေပျောက်သွားတာဖြစ်သည်။ သူမလူတွေကိုနေရာအနှံ့လူလွှတ်ကာလိုက်ရှာခိုင်းတာလနဲ့ချီခဲ့ပေမယ့် သတင်းအစအနကရှာမတွေ့ခဲ့။ နောက်တော့ဆေးရုံကြီးမှာရှိနေတာကို ဆေးရုံအုပ်ကသူမကိုအကြောင်းကြားမှသာလျှင် သမိုင်းနေရဲ့သတင်းအစအနကိုကြားခဲ့ရသည်။ အခုလဲဆေးရုံကနေပျောက်သွားပြန်တယ်တဲ့လေ။ သူ့လူတွေကိုဆေးရုံပတ်ဝန်းကျင်မှာ နေရာယူခိုင်းပေမယ့် ဘယ်လိုလုပ်ပြီးထပ်ပျောက်သွားပြန်လဲမသိတော့ချေ။ အခုချိန်မှာအရေးကြီးဆုံးကလူမို့ သူမတို့လူတိုးချကာ ရှာဖွေခဲ့ကြပေမယ့် သတင်းကနစ်မြှုပ်လို့ပေါ့။

" နင်တို့ဘယ်တော့မှ စောက်ဖြစ်ရှိမှာလဲငါ့ကိုပြောစမ်း။ "

ဒေါ်ရိုဇီ၏ဒေါသထွက်နေတဲ့မျက်နာဟာ ဘီလူးမရုပ်ကြီး၏အသွင်ကိုဆောင်နေသည်။ ကြောက်စရာမျက်နာကြောင့် လူမိုက်တစ်စုပင် သူမကိုမတိုးနိုင်ဘူးဆိုတာသိလို့ ခေါင်းငုံ့ကာနေကြသည်။

ဧည့်ခန်းဆောင်မှာရပ်လျှက်ဒေါသထွက်နေသူက ဒေါ်ရိုဇီတစ်ယောက်။ သူမ၏ရှေ့ကလူတွေကို မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနဲ့ကြည့်ကာ သူမရဲ့ဒေါသကမပြေ။ တစ်ယောက်မှသုံးစားမရတာကတစ်မျိုး၊ ပျောက်ချင်းမလှပျောက်သွားတဲ့တူကိုမတွေ့ရတော့ ပိုဒေါသထွက်မိသည်။ ဆေးရုံကိုလိုက်စုံစမ်းတော့လဲ ဘယ်သူမှရေရေရာရာမသိ၊မပြောနိုင်ကျချေ။

ပျို (Complete)حيث تعيش القصص. اكتشف الآن