" ဒီမှာ မြတ်ထားပျိုဆိုတဲ့ဆရာဝန်ရှိလား။ "
သလင်းသူမရှေ့ကအမျိုးသမီးကိုတစ်ချက်ကြည့်လိုက်တယ်။ အမျိုးသမီးရဲ့အသက်က သူမရဲ့မေမေနဲ့တော့ သိပ်ကွာပုံမရ။ မျက်မှန်အမည်းကိုဟန်ပါပါချွတ်လာတဲ့အမျိုးသမီးကို သလင်ရုတ်တရက်ဆိုသလို မှတ်မိလို့သွားသည်။ ထိုအမျိုးသမီးဟာ ဆေးရုံကိုရောက်လာတဲ့ သမိုင်းနေဆိုတဲ့သူ၏အဒေါ်ဖြစ်လို့နေသည်။ ယခု Tha Mine Nay Companyကို ဦးစီးနေတဲ့အမျိုးသမီးပင်ဖြစ်သည်။ သူမ၏နောက်မှာလဲ ဝတ်စုံအမည်းတွေဝတ်ထားတဲ့ မြန်မာပေါကားထဲကလို လူမိုက်ပုံစံတွေကိုမြင်ပြီး သလင်းရယ်လာချင်မိသည်။
" မြတ်ထားပျိုမရောက်သေးဘူးရှင့်။ အရေးကြီးကိစ္စရှိရက် ကျွန်မကိုမှာခဲ့လို့ရပါတယ်။ ကျွန်မပြန်ပြောပေးပါ့မယ်။ "
သလင်းကိုဘက်ကအမှားဖြစ်မှာဆ်ိုးလို့ အတက်နိုင်ဆုံးပြုံးကာ ပြောလိုက်ခြင်းဖြစ်သည်။
" ဒါဆိုနင်တ်ို့ဆေးဂုံအုပ်နဲ့တွေ့ချင်တယ်။ အခုခေါ်ပေးလို့ရမလား။ "
Tv, onlineစာမျက်နာတွေပေါ်မှာတော့ သူမ၏ဂုဏ်သတင်းဟာ မွှေးပျံ့လို့နေပေမယ့် သူမ၏လက်ရှိအပြောအဆိုကတော့ ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။ ဆင်းရဲချို့တဲ့သူတွေကိုလူ၊ မိဘမဲ့ဂေဟာတွေကိုလူတက်တဲ့အမျိုးသမီးဟာ ဘယ်လောက်ဖော်ရွေကြောင်းဆိုတဲ့သတင်းခေါင်းစဥ်ကိုအမှတ်ရလိုက်တာမို့ သလင်းနှုတ်ခမ်းအနည်းငယ်တွန့်ကွေးလိုက်သည်။
လူအများရှေ့မှာတော့ ဟန်ဆောင်ကောင်တဲ့အမျိုးသမီးဟာ အခုကျတော့လဲသူမရဲ့ရုပ်သွင်က ဘီလူးမတစ်ကောင်၏အသွင်အပြင်။
" ဆေးရုံအုပ်ကိုတွေ့ချင်ရင် ကျွန်မလမ်းညွှန်ပေးလိုက်လို့ရပါတယ်ဒေါ်ဒေါ်။ ဆေးရုံအုပ်ကြီးကတော့ အခုလက်ရှိအပြင်ကိုအရေးကြီးကိစ္စနဲ့အပြင်သွားလို့ ဒေါ်ဒေါ်ခနတော့စောင့်ရပါမယ်ရှင်။ "
" ဘာ..."
ဒေါ်ရိုဇီ၏ဒေါသတကြီးအော်သံကြောင့် ဘေးနားကလူနာတွေပါမက ဆေးရုံးဝန်းထဲကလူအချို့ပါကြည့်လာသည်။
" ဒေါ်ဒေါ်အရေးကြီးကိစ္စမရှိရင် ကျွန်မလူနာကြည့်ဖို့သွားလိုက်ပါဦးမယ်။ "
VOUS LISEZ
ပျို (Complete)
Roman d'amourဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
