Part.4 (Unicode)

2.6K 119 1
                                    

နတ်ဆေးခေါင်ကျောင်းကိစ္စနဲ့ အလှုပ်ရှုပ်လို့နေသည်။ စာမေးပွဲဖြေရန်ရက်ကလဲ သိပ်မလိုတော့တာကြောင့် သူအလုပ်ကနေခွင့်ယူထားရသည်။ မေမေကတော့သူ့ကိုအလုပ်ကနေတစ်ခါထဲ ထွက်စေချင်ပုံရသည်။ မေမေပြောလာမှသူစဥ်းစားချင်သည်။ အိမ်ရဲ့စီးပွားရေးအခြေအနေက အရင်ကလိုခက်ခဲနေတာမဟုတ်တော့တာမို့ သူ့ကိုမေမေကအနားမှာသားနေပြီး ကျောင်းကိုပြီးပြတ်အောင်တက်စေချင်တာကြောင့်ရယ်ဖြစ်မည်။ အရင်ကလိုမဟုတ်တော့တဲ့ မေမေ့ရဲ့ထမင်းဆိုင်လေးက ရောင်းအားကောင်းလာတာတော့အမှန်ပဲ။ ဆိုင်မှာတောင်အကူကောင်မလေးခေါ်ထားရတဲ့အထိလေ။

" ကားဘာဖြစ်သွားလို့လဲပျို။ "

အဲ...

" ကိုမြတ်ထားပျိုကားဘာဖြစ်သွားလို့လဲ။ "

နတ်ဆေးခေါင်စကားမှားသွားတာကိုအလျင်အမြန်ထိန်းချုပ်လိုက်ပြီး စကားပြင်လိုက်တယ်။ လေးဘေးတစ်နေရာမှာ ကားရပ်ထားတဲ့ပျို၏ကားကိုသူမြင်လိုက်ရတာကြောင့်ဖြဟ်သည်။ ဘာကြောင့်ရယ်မသိ သူပျို့ကိုစိုးရိမ်တာကြောင့်လဲဖစ်သည်။

ဟင် ပျိုလဲမရှိဘူးထင်တယ်။ နတ်ဆေးခေါင်စိတ်ထဲကနေတွေးလိုက်မိ၏။ ပျိုရဲ့ကားဖြစ်တာကသေချာသည်။ ဒါပေမယ့်ကားထဲမှာလဲ ပျိုကရှိမနေခဲ့ပါ။ သို့ပေမယ့်ပျိုက သူနဲ့ဆန့်ကျင်ဘက်အရပ်ကနေမျက်နာမူကာ ထွက်လာခဲ့သည်။ နတ်ဆေးစိုးရိမ်တကြီးနဲ့ ပျို့အနားကိုအပြေးရောက်သွားခဲ့တယ်။ ပျိုကသူ့ကိုအံသြတဲ့မျက်ဝန်းတွေကမယုံကြည်နိုင်သလိုပင်။ သူ့ကိုထူးဆန်းစွာငေးကြည့်နေတဲ့ပျို့မျက်ဝန်းတွေကြောင့် ကျွန်တော်မှာမှင်သက်ငေးမောရဆဲ။

" ကားကလေရုတ်တရက်မောင်းနေရာကနေထိုးရပ်သွားတာပဲ။ ဘာဖြစ်မှန်းလဲမသိဘူးရယ်။ ဆေးရုံမှာအရေးတကြီးcaseလူနာကရှိနေလို့ အိမ်ကနေအသောထွက်လာတာရယ်။ မနေ့ကဝပ်ရှော့ကိုပြောထားတာမေ့ပြီးမောင်းလာမိတာ အခုတော့အခက်တွေ့နေပြီ။ "

" အင်း..."

သူ့ရှေ့မှာစိတ်ပျက်လက်ပြတ်ပြောနေတဲ့ပျို။ သူ့ကိုယ်သူလဲအလိုမကျဟန်ကပါသေး။ စိတ်ညစ်နေတဲ့ပျို့ရဲ့မျက်နာဟာလေ သူမြင်တွေ့နေကျ ချစ်စရာမျက်နာလေးနဲ့ လားလားမျှမသက်ဆိုင်ချေ။ ပျို့ကိုစိတ်ညစ်စရာများနဲ့မကြုံတွေ့စေချင်တာ သူ့ရဲ့မရိုးသားတဲ့စိတ်ကြောင့်ပဲလား။ ပျိုဆိုတာ သူတွေ့နေကျလူသားမျိုးမဟုတ်တာကြောင့်များလား။ နတ်ဆေးခေါင်ကြာကြာမတွေးနိုင်။ ပျို့အစားပင်သူကပိုပြီးစိတ်ပူပေးနေမိတာအမှန်ပါ။

ပျို (Complete)Donde viven las historias. Descúbrelo ahora