" သားရေ။ "
" ဗျာ မေမေ"
" မေမေစျေးသွားချင်လို့ အဲ့တာသားများလိုက်ပို့ပေးနိုင်မလားလို့လေ။ မင်းမမကတော့ ဆိုင်ခင်းပေးထားမယ်ပြောတယ်။ "
" ဟုတ်မေမေ။ သားလိုက်ပို့ပေးမယ်လေ။ "
နတ်ဆေးခေါင် အခုမှအလုပ်ကပြန်လာတာဖြစ်သည်။ ညပိုင်းအလုပ်ဆင်းရတာမို့ သူအိပ်ချင်ပေမယ့်လဲ မေမေကစျေးလိုက်ပို့ရန်ပြောနေတာမို့ သူငြင်းမနေတော့။
" သွားကြရအောင်လေမေမေ။ "
" အင်းသား။ မေမေလဲသားပင်ပန်းနေမယ်ဆိုတာသိပါတယ်။ ဒါပေမယ့်မေမေစျေးဝယ်ရမှာနည်းနည်းများနေလို့ပါကွယ်။ "
" သားအမိချင်းတွေကို အားနာစရာမရှိအားနာနေပြန်ပြီမေမေကတော့။
ကျွန်တော်တို့ရပ်ကွက်ကလေးက လူကုန်ထံ၊ လူချမ်းသာရပ်ကွက်မဟုတ်၊ လူလတ်တန်းစား၊ တစ်နေ့လုပ်မှတစ်နေ့စား
ရပ်ကွက်ကလေးတစ်ခုဖြစ်သည်။ လူတန်းစားနှစ်မျိုးရောထွေးနေတဲ့ရပ်ကွက်တစ်ခုဆိုပိုမှန်လိမ့်မည်။ ဒီရပ်ကွက်ကလေးမှာတော့ မေမေ့ရဲ့ထမင်းဆိုင်ဟာ နာမည်ကြီးပင်မဟုတ်လား။.စက်ရုံတွေပေါများတဲ့ ဒီရပ်ကွက်မှာ အဆောင်နေပြီးနယ်ကနေ အလုပ်လာလုပ်တဲ့လူတွေလဲရှိတာမို့ မေမေ့ရဲ့ထမင်းဆိုင်လေးက ရောင်းအားတော့အကောင်းသား။ ရပ်ကွက်ထဲကလူတွေကလဲ မေမေ့ဆိုင်မှာလာအားပေးကြသည်။ တစ်ချို့စက်ရုံထဲကလူတွေဆို လပေးနဲ့ပင်မှာယူစားသောက်ကြသည်။ လပေးချိုင့်ဆွဲဆိုပြီးလဲရှိသေးတာမို့ အချို့ကချိုင့်ဆွဲကြောင့် တစ်ခါတလေသူပင် စက်ရုံအချို့ကို ထမင်းချိုင့်ပို့ပေးရသည်။ အခုတော့သူလဲအလုပ်တစ်ဖက်နဲ့မို့ မေမေကိုထမင်းလိုက်ပို့ပေးတဲ့အလုပ်ကနားထားရသည်။" မမရတနာတစ်ယောက်ထဲ ဆိုင်ခင်းလို့အဆင်ပြေပါ့မလား။ "
" အမလေး မင်းအမကိုတော့ စိတ်ပူမနေတော့နဲ့။ အခုဆိုသူတစ်ယောက်ထဲတောင် တစ်ဆိုင်လုံးကိုတာဝန်ယူနေနိုင်ပြီ။ "
" ဟုတ်ကဲ့ပါမေမေ။ မေမေတို့အဆင်ပြေရင်ပြီးသာပါပဲ။ "
" နောက်ပိုင်းကျရင်တော့ အကူမိန်းကလေးတစ်ယောက်လောက်ခေါ်မလားလို့သားရယ်။ "
ESTÁS LEYENDO
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023