စိတ်၏မကြည်လင်မှု့ကလူကိုထိုင်းမှိုင်းစေတဲ့အပြင် သူ့စိတ်ကိုတိုစေသည်။ နေ့ခင်းကမြင်တွေ့ရတဲ့မြင်ကွင်းကြောင့် လူကအတော်လေးစိတ်တိုနေတာဖြစ်သည်။ သလင်းနဲ့ဖုန်းပြောပြီး စိတ်မောလူမောဖြစ်နေတာမို့ ကုတင်ပေါ်သာသူ့ခန္ဓာပစ်တင်လိုက်သည်။ နောက်တစ်ကြိမ်မည်လာတဲ့ဖုန်းသံကြောင့် မြတ်ထားပျိုဖုန်းကိုယူကာကြည့်လိုက်တော့ မမဆီကပင်။
" ပျိုလေး။ အိမ်ထောင်ပြုလိုက်ပြီဆို ဟုတ်လား။ "
သေချာပါသည်။ ဒါကမေမေပြောလိုက်တာကိုပေါ့။ သူမမကိုအနေမခက်စေချင်တာကြောင့်တမင်ဖုန်းမဆက်တာကို မေမေကပြောဖြစ်အောင်ပြောလိုက်ပါသေးတယ်။
" အင်းမမ။ မထင်မှတ်ဘဲယူဖြစ်သွားခဲ့တာ။ "
" ဟင် ဘယ်လိုပျိုလေး။ နင့်စကားကလဲဟယ်။ "
ဖုန်းကိုင်လိုက်တာနဲ့တစ်ဖက်က မမမျက်နာကိုတန်းမြင်ရတော့သည်။ မမကသာအားတက်သရော၊ဝမ်းသာနေပုံရပေမယ့် သူကနော့ချစ်ရသူနဲ့ပေါင်းဖက်ရတာကိုမပျော်နိုင်။
" ဟုတ်မမ။ နင်ကြားတာအမှန်ပဲ။ မထင်မှတ်ဘဲမှားယွင်းခဲ့တာကြောင့် သူကတာဝန်ယူပေးယုံပဲ။ သူ့မှာအချစ်မပါဘူး။ "
သစ္စာပျိုတစ်ယောက်မောင်၏အားပျက်နေတဲ့မျက်နာလေးကိုမြင်မိတော့ သနားမိသည်။
တစ်ချိန်ကမမရဲ့ချစ်သူကအခုသူလက်ထပ်ထားတဲ့ယောကျ်ားတစ်ယောက်ပါလို့ပြောရမှာ အားလဲနာသည်။ မျက်နာလဲပူရပြန်သည်။
" ပျိုလေး။ ဒါကမမရဲ့ချစ်သူလေ။"
ဓာတ်ပုံတစ်ပုံတွင် လူငယ်လေးသုံးယောက်။ တစ်ယောက်ပုခုံးကိုတစ်ယောက်ဖက်ထားကြသည်မှာ တော်ရုံသူငယ်ချင်းမျိုးမဟုတ်တာကိုတော့ မြတ်ထားပျိုမြင်ရုံနဲ့သိသည်။ မမကသူ့ချစ်သူဆိုတဲ့သူကို ပုံလေးပြကာမိတ်ဆက်ပေးခဲ့တုန်းက သူမမအတွက်အရမ်းပျော်မိခဲ့တာအမှန်ပါ။
" မမနင်ကမောင်လေးတွေကိုရှာစားနေတာပေါ့လေ။ "
သဘောတကျရယ်ရင်း မမကိုစနောက်မိတော့ မမကမျက်နာကလေးမဲ့ကျသွား၏။
" ငါကမောင်လေးတွေပဲရှာစားတာမဟုတ်ပါဘူး။ မောင့်တစ်ယောက်ထဲကိုပဲချစ်မိတာပါနော်။ "
YOU ARE READING
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
