အရစ်ကလေးကတော့ နောက်ဆုံးမှာခေါင်းငိုက်စိုက်မှောက်လို့သွားခဲ့ချေပြီ။ သူနဲ့မိုးထက်က သြဇီမှာအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကာ မိုးထက်ကgayတစ်ယောက်ပါလို့ ဝန်ခံခဲ့ပြီး သူ့ကိုလဲ proposeလုပ်ခဲ့ဖူးသည်။ သူကတော့ ကိုယ့်ကိုgayလို့မသိ၊ အမည်လဲခံမထားတာမို့ မိုးထက်ကိုတော့မပြောခဲ့ချေ။ မိုးထက်သူ့ကိုဖွင့်ပြောလာချိန်မှာတော့ နတ်ဆေးမဆိုင်းမတွဘဲ တစ်နေ့လက်ထပ်ရမယ့်သူရှိတယ်လို့သာဖြေခဲ့ဖူးသည်။ မိုးထက်က ဘယ်သူဘယ်ဝါဆိုတာကမေးခဲ့ပေမယ့် နတ်ဆေးမဖြေခဲ့ဖူးပါ။ သူတို့နှစ်ယောက်လုံးဟာ ကျောင်းပြီးသွားတော့ မြန်မာပြည်မှာ မိုးထက်ကgay barတစ်ခုဖွင့်မယ်ဆိုတဲ့ အစီအစဥ်ကိုအကောင်အထည်ဖော်ခဲ့သည်။ နတ်ဆေးကတော့ ဖွားပေးခဲ့တဲ့companyကိုသာ အရင်ကထက်ပိုအောင်မြင်အောင်ကြိုးစားရတော့သည်။ မိုးထက်bar ဖွင့်ပွဲတုန်းကလဲ မသွားဖြစ်ပေမယ့် ပန်းခြင်းလက်ဆောင်ကိုတော့ အရောက်ပို့ပေးခဲ့သည်။
အခုသူbarကိုရောက်နေတယ်ဆိုတော့လဲအပြေးပြန်ရောက်လာတဲ့သူငယ်ချင်း။ ရန်ကုန်မြို့ထဲမှာအတူနေကျတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ရာ ခက်ခဲကြသည်။ ဆုံဖို့ရာခဲယဥ်းလှသည်။ သူငယ်ချင်းနှစ်ယောက်စကားပြောကြရာဝယ် တစ်ယောက်သောသူကို ဥပေက္ခာပြုထားပြီး စကားတွေအများကြီးပြောဖြစ်ကြသည်။ ပျို့ကိုတော့ သူတမင်လျစ်လျူရှု့တာမဟုတ်ပေမယ့် ပျို့ရဲ့စိတ်ကိုသူအနည်းငယ် စမ်းစစ်လိုက်တာဖြစ်သည်။ ဟိုးအရင်ထဲက မိုးထက်ကိုပြောထားတာမို့ သူနဲ့ပျို့ကိုတွေ့တော့ မိုးထက်ကချက်ချင်းသဘောပေါက်ကာ သရုပ်ဆောင်ချက်တွေက ပီပြင်တာမို့ ပျိုကတော့ မိုးထက်ကိုမီးဝင်းဝင်းတောက်နေတဲ့ ဒေါသမျက်လုံးတွေနဲ့ကြည့်နေခဲ့သည်။ ဝိုင်နီတွေတစ်ခွက်ပြီးတစ်ခွက် အဆက်မပြတ်သောက်နေတာကို နတ်ဆေးမတားမိခဲ့။ ဒီလိုဖြစ်အောင်လဲ သူတမင်ရည်ရွယ်ခဲ့တာကြောင့်ဖြစ်သည်။ Alcoholနည်းနည်းပါရင်တောင် ချက်ချင်းခေါင်းစိုက်ကြတဲ့တက်ပျိုဟာ ဝိုင်နီထဲကိုalcoholအများကြီးရောထားတာကိုတောင် ချက်ချင်းမှောက်မသွားခဲ့။ အရင်ကထက်သောက်နိုင်လာပုံရသည်။ အရင်ကထက် alcoholဒဏ်ကိုခံနိုင်ရည်ရှိလာပုံရသည်။
ВЫ ЧИТАЕТЕ
ပျို (Complete)
Любовные романыဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
