The End (Unicode)

3.5K 96 5
                                    

တစ်နှစ်ခန့်ကြာသော်—

ကုပ္မဏီတစ်ခုရဲ့ညစာဖိတ်ကြားလွှာဟာ နတ်ဆေး၏ရုံးခန်းထဲကိုရောက်လို့နေသည်။ နတ်ဆေးကွန်ပြူတာရှေ့မှာဝင်ထိုင်ရင်း ဖိတ်စာကိုဖွင့်ကြည့်လိုက်မိသည်။ နတ်ဆေးနှုတ်ခမ်းတို့ကကော့ညွှတ်ကာကွေးလို့ ကျေနပ်နေတဲ့အပြုံးမျိုးဖြစ်သည်။ အထဲကစာကိုဖတ်ပြီးကျေနပ်နေဟန်ရှိသည်။

" ဟယ်လို ပျို။ မောင်ရုံးရောက်ပြီ။ "

ဤလူသားလေးနဲ့ဖုန်းပြောရတဲ့အချိန်တိုင်း လက်ဖျားခြေဖျားတွေအေးစက်တက်တာ နတ်ဆေးအကျင့်။ ဘာရယ်မဟုတ်ပျို့ကို သူ့ရဲ့အသေးအဖွဲ့လေးတွေကအစပြောပြချင်ခဲ့တာ။ ရုံးရောက်နေတဲ့အခါ
ရုံးကိုရောက်ကြောင်းကိုပြောပြတာမျိုး။ နေ့လည်စာစားချိန်တွေမှာလဲ ပျိုစိတ်မပူအောင် ပျိုထုတ်ပေးထားတဲ့ထမင်းချိုင့်လေးကိုသာ ဖွင့်စားတက်ကြောင်းကိုပုံရိုက်ကာပို့ရသေး၏။

ခုနောက်ပိုင်းတွေမှာ ပျို့ကိုသာဦးစားပေးတက်လာသည်။ ပျိုနဲ့အိမ်ထောင်သက်က၂နှစ်ဖြစ်သော်လည်း ချစ်သူသက်တမ်းကတော့တစ်နှစ်ဖြစ်သည်။ ပျို့ကိုလက်ထပ်စာချုပ်နဲ့ယူခဲ့တာကနှစ်နှစ်ဖြစ်ပြီး နတ်ဆေးအချစ်ကိုဝန်ခံပြီး ပျိုကသူ့အချစ်ကိုလက်ခံခဲ့တာကတစ်နှစ်လေ။ ပိုနဲ့dateတာကတော့ တပတ်မှာတစ်ရက်လောက်တော့လုပ်ဖြစ်သည်။ ပျိုနဲ့dateတဲ့နေ့တွေမှာတော့ ပျိုကalcoholပါတဲ့အရာတွေကိုတော့ မတိုက်ဖြစ်အောင်အတက်နိုင်ဆုံးထိန်းရသည်။ သိတဲ့အတ်ိုင်းပဲပျိုက နည်းနည်းလေးတိုက်မိလိုက်နဲ့ မူးနေတက်ပြီး အခြားတစ်ယောက်လိုပြောင်းလဲသွားတာကြောင့်ဖြစ်သည်။ ပျိုကမူးလာရင် ရစ်တက်သည် ချွဲတက်သည်။ ဒါတွေကချစ်စရာမကောင်းဘူးလားလို့မေးရင် ပျိုကမူးလာရင်လဲချစ်ဖို့ကောင်းသည်။ နတ်ဆေးအတွက်တော့ ပျိုကဘယ်လိုနေ,နေချစ်ဖို့ကောင်းနေတာမျိုးပေါ့။

" မောင် ပျိုတို့အိမ်ပဲပြန်ရအောင်။ "

" ဟင် တိုက်ခန်းကိုပဲပြန်တော့မှာလား။ မောင်ကပျိုနဲ့စားသောက်ဆိုင်မှာdateမယ်လို့တွေးထားတာရယ်။ "

ဒီနေ့တော့ ပျိုနဲ့dateဖို့အတွက် နတ်ဆေးဆိုင်လှလှလေးရှာထားရတာ။ တစ်နေကုန်ရုံးရောက်ကတည်းက ရန်ကုန်မြို့မှာရှိတဲ့နာမည်
ကြီးစားသောက်ဆိုင်တွေကို googleကနေရှာထားရတာ။ အခုတော့ပျိုကတိုက်ခန်းကိုပဲ ပြန်ချင်သတဲ့လေ။ တစ်နေကုန်အပင်ပန်းခံထားရတာကို။ ပျို့ရဲ့စကားမို့နတ်ဆေးနားထောင်ရသည်။ ကိုယ့်ရဲ့အချစ်ဆုံးစကားမို့ ပိုနားထောင်ရသည်လေ။ နတ်ဆေးကားကို ဦးတည်ချက်ပြောင်းလိုက်တယ်။

ပျို (Complete)Onde histórias criam vida. Descubra agora