Part.10 (Zawgyi)

475 11 2
                                    

" မေမေအခုဘာပြောလိုက်တာလဲဟင်။ "

မြတ်ထားပျိုပါးပြင်ထက်မှာ မျက်ရည်စီးချောင်းများနဲ့အတူ မေမေ့ဆီကဟုတ်ပါတယ်ဆိုတဲ့စကားလုံးအမှန်ကို သူမကြားရဲ။ တကယ်ကြီးပဲခေါင်က မမရဲ့ချစ်သူဖြစ်ခဲ့တာလား။ တမင်မေမေကတော့ ညာပြောမှာမဟုတ်ဘူးဆိုတာကိုလဲ သူ့စိတ်ကသိနေသည်။

" အေး သစ္စာပျိုရဲ့ရည်းစားဆိုတဲ့ အခြေအမြစ်မရှိတဲ့ အဲ့ဒီကောင်နဲ့ သဘောမတူနိုင်လို့ နင့်အမကိုငါ့သူငယ်ချင်းသား သူဋ္ဌေးသားဖြစ်ရုံမကဘူး အရည်အချင်းရှိတဲ့လွင်ဦးမောင်နဲ့ နင့်အမကိုလက်ထပ်ပေးလိုက်တာပဲ။ "

ဒေါ်စိတ်ထားမြတ် သူမ၏သားဖြစ်သူမျက်နာကို စေ့စေ့ကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။

မြတ်ထားပျိုခေါင်းမှာချာချာလည်အောင် မူးနောက်လို့ ရပ်တည်နေတဲ့ဒီမြေကြီးပေါ်ကို ပစ်လဲကာ လဲကျချင်မိတဲ့အထိ ဒူးများခွေယိုင်လို့နေသည်။

" ဒါဆိုမမကကော သဘောတူခဲ့တာလား။ "

" ဒီလိုဆင်းရဲမွဲတေနေတဲ့ အဲ့အကောင်ကိုနင့်အမကလက်ထပ်မယ်လို့နင်ထင်လား။ အချစ်တစ်ခုက ဗိုက်ပြည့်စေမှာတဲ့လား။ ဝေးပါသေးတယ်။ သစ္စာပျိုကလက်ခံလို့ ငါကလက်ထပ်ပေးလိုက်တာ။"

ဒေါ်သူသူလှတစ်ယောက် သူမရှေ့မှာပြောနေတဲ့သားအမိစကားတွေကြောင့် ခြေထောက်ပင်အနိုင်နိုင်ရပ်နိုင်ရန်အားတင်းထားရငည်။ သူမကြားလိုက်ရတဲ့စကားလုံးတွေက တစ်ချိန်တုန်းက သူမ၏သားအသဲကွဲ ဒဏ်ရာကြောင့် အိပ်ယာထဲအလူးအလဲခံရတဲ့ သားဖြစ်သူရဲ့ပုံရိပ်တွေကိုပြန်မြင်ယောင်လာမိသည်။ သားအတွက်စိတ်မကောင်းခြင်းနဲ့တူ ပါးပြင်ပေါ်ကိုဝမ်းနည်းမျက်ရည်များက စီးကျလာသည်။ သူမရဲ့အမြင်အာရုံတွေကလဲ ရုတ်တရက်ဝေဝါးလာသည်။ ခေါင်းတွေကလဲ မူးနောက်လွန်းလို့ မြင်နေရတဲ့ပုံရိပ်တွေဟာ နှစ်ခုထပ်တွေဖြစ်လို့နေသည်။ တလှပ်လှပ်ဖြစ်လာတဲ့ရင်ဘတ်ကိုဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့လဲကျကာ သတိမေ့သွားတော့သည်။

ထိုအချိန်ကစလို့ ခေါင်တို့မိသားစုကိုမတွေ့ရတော့တာပဲ။ သူခေါင့်ကိုသတိရတိုင်း မမရတနာဆီကိုသွားလည်လေ့ရှိသည်။ အနည်းဆုံးတော့ ဒီအိမ်လေးအနီးမှာ ခေါင့်ရဲ့အငွေ့အသက်လေးတွေကိုတော့ သူခံစားလို့ရသေးတာပေါ့လေ။

ပျို (Complete)Où les histoires vivent. Découvrez maintenant