Part -2 (Unicode)

3K 130 0
                                    

ညဆိုင်းကျထာတဲ့နတ်ဆေးခေါင် ။တစ်ညလုံးမအိပ်ရသေးတာတောင်အပြုံးတွေနဲ့တက်ကြွလို့နေသည်။ညကသူကောင်တာထိုင်တဲ့အချိန်မှာဆိုင်ထဲကိုဝင်လာတဲ့ပိုးဟပ်ဖြူလိုဖြူစွတ်နေတဲ့မြတ်ထား ပျို။

"ဟင်. . .ညီကဒီမှာအလုပ်လုပ်တာလား ၊အကိုကမင်းကိုကျောင်းသားလို့ထင်နေမိတာ။ "

ကောင်တာရှေ့မှာရပ်ကာသူ့ကိုစကားပြောနေတဲ့ မြတ်ထားပျို လက်ထဲမှာလဲကိုင်ဆောင်ထားတဲ့ပစ္စည်းတွေကအများသား ။

" ကျွန်တော်ကကျောင်းသားပါ ကိုမြတ်ထားပျို။၊နတ်ဆေးခေါင်ကျွန်တော့်နာမည်က ။"

သူ့ကိုမကြည့်ပဲစကားတွေပြောနေတဲ့ကောင်လေး ။ ကွန်ပျူတာကိုတတောက်တောက်ခေါက်ကာ ပစ္စည်းတိုင်းမှာပါတဲ့ဈေးနှုန်းတွေကို Scan. ဖတ်နေသည် ။ သူ့ရှေ့ကကောင်လေးနာမည်က. နတ်ဆေးခေါင်တဲ့ ။

နတ်ဆေးလို့ခေါ်ရင်လဲလှသလို ခေါင်လို့တစ်လုံးထဲခေါ်ရင်လဲအဆင်ပြေပါသည် ။

" 8800. အားလုံးပေါင်း။ "

ငွေရပြေစာစာရွက်ကို ထုတ်ကာပေးရင်း နတ်ဆေးခေါင် ကျသင့်ငွေကိုပြောလိုက်သည် ။

မြတ်ထားပျိုသူ့ရှေ့က ကောင်လေးကသူ့ကိုမကြည့်ပဲ ကျသင့်ငွေကိုပြောကာ ဘာတွေအလုပ်ရှုပ်နေမှန်းမသိသော နတ်ဆေးခေါင်။

"မနက်က ကိုယ့်မေမေစကားကြောင့် စိတ်ခုပြီးကိုယ့်ကိုစကားမပြောတာလားညီ ။"

မနက်ကလဲညီ ၊ ညလဲညီ ၊ တစ်ညီထဲညီနေတဲ့သူ ။ သူ့အသက် 19. နှစ်ရှိနေပြီလေ ။ သူ့ရှေ့က မြတ်ထားပျိုဆိုတဲ့ အမျိုးကောင်းသားကတော့ ဘယ်လောက်တောင်များအသက်တွေကြီးနေလို့လဲ ၊ ညီလေး ၊ညီနဲ့သူ့ကိုယ်သူအတော့ကိုအသက်ကြီးနေပုံရသည် ။ ကိုမြတ်ထားပျိုဆိုပြီးသူတမင်ရွဲ့ခေါ်ခဲ့တာကိုတောင်မှ မြတ်ထားပျိုဆိုတဲ့ ထိုသူကအတည်ထင်မှတ်နေပုံရသည် ။

အခုလည်းဝင်လာကတည်းက ညီ ၊ ညီနဲ့ သူစိတ်အချဥ်ပေါက်လာမိသည် ။ ဒါကြောင့်သူတမင်မကြားချင်ယောင်ဆောင်ကာမရှိတဲ့အလုပ်ကိုသာအလုပ်ရှုပ်ချင်ယောင်ဆောင်နေမိသည် ။

ပျို (Complete)Where stories live. Discover now