မြတ်ထားပျို ခေါင့်ရဲ့ရင်ခွင်ထဲကနေ
ရုန်းထွက်ခြင်းနဲ့ လွတ်မြောက်အောင် ရုန်းနိုင်ခဲ့ပေမယ့် သူ့လက်တွေကို ဆွဲကိုင်လိုက်တာကြောင့် အရှိန်နဲ့ခေါင့်ရင်ခွင်ထဲကို ဒုတိယပ္ပ်ိထပ်မံကျရောက်လို့သွားရပြန်သည်။ မြတ်ထားပျိုကိုယ်လုံးလေးသည် ခေါင့်ရင်ခွင်ထဲမှာ အံဝင်ဂွင်ကျလို့ ။ မြတ်ထားပျိုကိုယ့်ကိုအားမရချေ။ သူကခေါင်နဲ့တွေ့တိုင်းမှာ အားနည်းသွားတက်တဲ့လူတစ်ယောက်လိုပင်။ အခြားယောကျ်ားလေးတွေလို သူလဲယောကျ်ားတစ်ယောက်ပေမယ့် ခေါင်နဲ့ဆိုရင် သူကအားပျော့နေဟန်။ ခေါင့်လောက်ခန္ဓာကိုယ်ကမထွားသော်လည်း ခေါင့်ထက်အသက်ကြီးတဲ့သူက အမြဲတမ်းအားနွဲ့သွားတက်သည်။မြတ်ထားပျိုခန္ဓာကိုယ်ဟာ အခြားယောကျ်ားတွေလို မဖွံ့ဖြိုးပေမယ့် အကောင်သေးတဲ့အထဲမပါတာတောင် ခေါင်ကသူ့ကိုအသာလေးဆွဲနိုင်သည်။
" ငြိမ်ငြိမ်ကလေးနေ မဟုတ်ရင်ပျို့ကိုကြည့်နေတဲ့ မျက်လုံးတွေကို ပျိုရင်ဆိုင်သွားရလိမ့်မယ်။ "
ပျိုတဲ့။ ဒါကခေါင်ကသူ့ကိုတစ်ယောက်ထဲခေါ်တဲ့နာမ်စားလေး။ ခေါင့်ရဲ့တစ်ဦးထဲပိုင်သောအမည်နာမ။ ပျိုဆိုတဲ့ဤအမည်နာမပိုင်ရှင်ဟာ ခေါင်သာဖြစ်သည်။ နတ်ဆေးခေါင်ဆိုတဲ့ကောင်ငယ်လေးရဲ့အမည်နောက်ဆုံးခေါင်ဆိုတဲ့ အခေါ်အဝေါ်လေးက သူ၏ပိုင်ဆိုင်မှု့တစ်ခုထဲက တစ်ခုတည်းသောနာမည်လေး။ သူခေါ်နေကျ *ခေါင်*ပေါ့။ ခေါင်ဆိုတဲ့အသိလေးနဲ့တင် သူသွက်သွက်ခါအောင်ရူးသွားနိုင်သည်။ သူလွမ်းနေခဲ့ရတဲ့အသံလေးဟာ အချိန်တွေအကြာကြီးကြာမှ ကြားခွင့်ရခဲ့တာလေ။ ခေါင်ဆိုတဲ့ အသိစိတ်နဲ့တင် သူတင်းထားသမျှစ်ိတ်တွေကိုလျော့ချပစ်နိုင်ထဲအထိပဲ။ ခေါင့်ကိုသူအရမ်းချစ်မိနေပြီ။ လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က ခေါင်ဖွင့်မပြောခဲ့ပေမယ့် သူကတော့ခေါင့်ကိုချစ်နေခဲ့သည်။ အရင်ကလဲချစ်ခဲ့သလို၊ အခုထိလဲ ခေါင့်ကိုချစ်နေဆဲပင်။
ရင်ခွင်ထဲကပျိုဟာ တသိမ့်သိမ့်နဲ့ရှိုက်ငိုနေတာမို့ နတ်ဆေးရင်ခွင်ထဲတိုးဖက်ထားမိတဲ့အထိ။ တသိမ့်သိမ့်နဲ့လှုပ်ရှားနေတဲ့ ကိုယ်လုံးလေးဟာ သူရဲ့လက်တွေကြားမှာ ငိုရှိုက်ခြင်းကင်းမဲ့နေတယ်လို့ ခံစားမိသည်။
ESTÁS LEYENDO
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023