" ဘယ်ကလဲသမက်ကလေး။ "
ရုံးပိတ်ရက်မို့ အခန်းထဲမှာသာနေတဲ့နတ်ဆေး။ မနက်ကအပြင်သွားစရာရှိတယ်လို့ပြောတုန်းကပျိုနဲ့အတူလိုက်မသွားတဲ့နတ်ဆေး။ အကြောင်းမကြားဘာမကြားနဲ့ရောက်ချလာတဲ့မာတာမိခင်က ရောက်တာနဲ့သူမ၏သမက်ကိုတန်းမေးပါတော့တယ်။
" ဘယ်လိုကနေဘယ်လိုရောက်လာတာလဲမေမေ။ အကြောင်းမကြားဘာမကြားနဲ့။ "
နတ်ဆေးမေ့သွားတာကမေမေ့ဆီမှာ သူ့ရဲ့တိုက်ခန်းသော့အပိုတစ်ချောင်းရှိနေခဲ့တာကို။
" ဟဲ့ကောင်လေး။ ငါကငါ့သားဆီလာတာ ဘယ်သူ့ကိုအကြောင်းကြားရအုံးမှာလဲ။ "
ဒေါ်သူသူလှတစ်ယောက် သားကိုဆူပူရင်းကအိပ်ခန်းထဲကိုဝင်လာပြီး မျက်လုံးဝေ့ဝဲကာကြည့်ရင်း သားဖြစ်သူ၏နေပုံထိုင်ပုံကိုကြည့်ပြီး သက်ပြင်းမောတစ်ချက်သာချမိတော့၏။
" နတ်ဆေးငါမေးနေတယ်လေ။ ငါ့သမက်ကောလို့။ "
မေမေရောက်လာတာက သူမ၏သမက်ကိုသာမေးနေပြီး သူ့ကိုကျမမေးတာမို့ မျက်နာကမကြည်မသာ။
" အပြင်သွားတယ်။ "
" ဟဲ့တစ်ယောက်ထဲလွတ်လိုက်ရသလား။ မင်းကဘာလို့လိုက်မသွားရတာလဲ။ "
ဒေါ်သူသူလှတစ်ယောက် ဧည့်ခန်းကိုပြန့ထွက် ခုံပေါ်ထိုင်ကာ သူမ၏ဂျိုင်းကြားကပိုက်ဆံအိပ်ကို ဘုတ်ခနဲမြည်အောင်ချရင်း သားဖြစ်သူကိုမျက်စောင်းတစ်ချက်ထိုးလိုက်၏။
အမေဖြစ်သူကိုအမောပြေရေတစ်ခွက်တောင် အလိုက်မသိရှာတဲ့သားဖြစ်သူကို မြတ်ထားပျိုဆိုတဲ့ကောင်လေးဘယ်လိုသည်းခံပြီး အတူနေလဲမတွေးတက်ရှာ။ နတ်ဆေးသာသူမ၏သားမဟုတ်ဘဲ မြတ်ထားပျိုသာသူမ၏သားဆို ဘယ်လိုမျိုးနဲ့မှသဘောမတူနိုင်ပေ။ မြတ်ထားပျိုကလိမ်မာပြီးအနေအေးသူကိုမှ သားတော်မောင်ကတမင်ယူပြီး စိတ်ဒုက္ခတွေပေးနေမှာကိုသူမတွေးမိတာကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်။
" ဟင် အန်တီ။ "
မြတ်ထားပျိုတံခါးကိုတွန်းဖွင့်လိုက်တော့ ပထမဆုံးဲမင်လိုက်ရတဲ့သူက ခေါင်၏မေမေဒေါ်သူသူလှပါ။ အံ့သြမှု့နဲ့အတူ ယောင်ရမ်းကာခေါ်လိုက်တော့ အရင်ကလိုပဲဖေည်ရွေတဲ့အပြုံးနဲ့ခေါင်းညိတ်ပြလာသူက မြတ်ထားပျို၏ယောက်ခမ။ လက်ထဲကအထုတ်တွေကို တစ်နေရာရာမှချပြီး ချက်ချင်းပဲ ရေခဲသေတ္တာဆီအပြေးသွားကာ အအေးတစ်ခွက်ကိုအလျင်အမြန်ဖျော်ကာ ယောက်ခမဖြစ်သူထံချပေးရင်း မြတ်ထားပျိုဝင်ထိုင်လိုက်တယ်။
![](https://img.wattpad.com/cover/295314544-288-k47979.jpg)
YOU ARE READING
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023