Part.19 (Unicode)

1.4K 64 1
                                    

" ဘယ်လိုသား။ သားကအိမ်ထောင်ပြုလိုက်ပြီ။ မေမေလဲမသိလိုက်ပါ့လား။ "

" အင်း အလောတကြီးဖြစ်သွားတယ်မေမေ။ မေမေနားလည်အောင် သားဘယ်လိုပြောရမလဲ။ မထင်မှတ်ဘဲဖြစ်သွားတယ်လို့ဆိုရမလား။ "

ဒေါ်မိုးသူဇာ သားပြန်လာမယ်ဆိုလို့ သားအကြိုက်ဟင်းတွေကို မိနှင်းကိုတောင်မချက်ခိုင်းဘဲ သူမကိုယ်တိုင်ဝင်ချက်နေတာ။ သားဆီကသူမထင်မှတ်မထားတဲ့ စကားကြောင့်သူမဟင်းမွှေတဲ့ဇွန်းကိုတောင်မချနိုင်။ သားဖြစ်သူအနားကိုအပြေးရောက်လာခဲ့တယ်။ သားကအလုပ်ရှုပ်နေတယ်အထင်နဲ့ အိမ်ကိုပြန်မလာဘူးပဲထင်ထားတာ။ အရင်ကလဲသားက အလုပ်ကိစ္စနဲ့ခရီးတွေဘာတွေသွားရ။ လချုပ်စာရင်းတွေ၊ ပစ္စည်းအဝင်အထွက်တွေစစ်ရတဲ့အခါမျိုးမှာ အိမ်ကိုပြန်မလာဖြစ်တာကိုတော့ ဖုန်းဆက်ပြီးပြောတာမို့ အခုလဲအိမ်ပြန်မလာတာက အလုပ်တွေရှုပ်နေလို့ပဲထင်ခဲ့မိတာ။

သားမျက်နာကိုကြည့်တော့ အနည်းငယ်နွမ်းဖက်နေတာမို့ သူမလဲစိတ်မကောင်း။ သားကအခုလိုမိခင်ဖြစ်တဲ့သူမကိုတောင် ဘာမှမပြောပဲလက်ထပ်လိုက်ရတယ်ဆိုတာကလဲ...

" ဘာလဲမိန်းကလေးနဲ့လွန်ကြူးမိလို့ မဖြစ်မနေလက်ထပ်လိုက်ရတယ်လို့ သားကဆိုလိုချင်တာလား။ "

" လွန်ကြူးမိတာမှန်ပေမယ့် သူကမိန်းကလေးမဟုတ်ဘူးမေမေ။ သားနဲ့လွန်ကြူးမိတာက ယောကျ်ားလေး။ တစ်နည်းပျိုဆိုတဲ့ယောကျ်ားလေးနဲ့မေမေ။ "

" ဘယ် ဘယ်လိုသား။ အခုကသားပျိုနဲ့လား။ "

ပျိုဆိုတဲ့အမည်ကြောင့် ဒေါ်မိုးသူဇာသွေးပင်တက်လုလု။ သားပျိုနဲ့တဲ့လေ။ အခြားလူဆိုရင်တောင် သူမအခုလိုမျက်လုံးပြူးမိမယ်မထင်။

" ဘယ်လိုကနေ သားပျိုဖြစ်ရတာလဲနတ်ဆေး။ ဒါမင်းဘက်ကရိုးသားတယ်လို့တော့ မေမေမထင်ဘူး။ "

" အင်း ဒီလိုပဲမေမေ။ "

နတ်ဆေးမေမေ့အမေးကိုတောင် အေးတိအေးစက်နဲ့ပြန်ဖြေလိုက်တယ်။ မေမေကသူ့ကိုမျက်စောင်းထိုးသလိုနဲ့ မကျေနပ်တဲ့အကြည့်တွေ၊ မယုံသင်္ကာအပြောတွေပါတဲ့စ
ကားလုံးတွေနဲ့သူ့ကိုစတင်တိုက်ခိုက်လာတယ်။ သူကရိုးသားတယ်လို့မပြောခဲ့ပါ။

ပျို (Complete)حيث تعيش القصص. اكتشف الآن