Part.8 (Ep.1) Unicode

2.6K 102 2
                                        

Ep.1

နတ်ဆေးတို့ဆေးရုံရောက်တော့ ပျိုကဆေးရုံကဆင်းသွားပြီတဲ့လေ။ နပ်စ်မလေးကိုသေချာအောင်မေးတော့ လက်အရိုးအက်သွားတာမို့ တပတ်လောက်အထိတော့ အလုပ်မလုပ်ရဘူးတဲ့လေ။

" ကဲနတ်ဆေး အခုဘယ်လိုလုပ်ကြမလဲ။ "

ဆေးရုံမှာဆိုရင်သာ ပျို့ကိုသူတွေ့ရတာလွယ်ကူပေမယ့် အိမ်ဆိုရင်တော့သူမသွားချင်တော့။

" မင်းတို့ပဲသွားလိုက်တော့။ ငါ့ကိုဆိုသူ့ဘွားတော်ကြီးက ပွားချင်နေတာ။ "

" အေးပါ။ ငါတို့ဟိုရောက်ရင်မင်းကိုဖုန်းခေါ်လိုက်မယ်။ "

" အိုကေ သားကြီး ။ "

နတ်ဆေးလမ်းဘေးအုတ်ခုံမှာထိုင်ပြီးကျန်နေခဲ့သည်။ အောင်ပိုင်နဲ့ရန်ပိုင်ကတော့ ခပ်တည်တည်နဲ့ လူခေါ်ဘဲလ်ကိုနိပ်နေတာကို မြင်တွေ့ရသည်။

" ဘာကိစ္စရှိလို့လဲ။ "

အောင်ပိုင်တို့စတင်တွေ့ရှိသူက ကိုမြတ်ထားပျို၏မွေးသမိခင်ကျေးဇူးရှင်ကြီးပေါ့။

" ဟို...ကိုမြတ်ထားပျိုကိုလူနာလာမေးတာပါ။ အော်...ကျွန်တော်တို့က ဆရာဝန်လေးရဲ့လူနာဖြစ်ခဲ့ဖူးတဲ့သူတွေမို့ ဆရာဝန်လေးကိုလုနာလာမေးတာပါ။."

ဒေါ်စိတ်ထားမြတ်အကြည့်တို့က မယုံကြည်ဟန်နဲ့စူးစိုက်ကာကြည့်နေသည်။ ဒါပေမယ့်သူတို့နှစ်ယောက်ကိုတော့ မှတ်မိပုံမပေါ်တာမို့ အသက်ရှုတော့အနည်းငယ်ချောင်ရသည်။

" အေး ဝင်ခဲ့လေ။ သားကအခုမှဆေးရုံကပြန်ရောက်တာဆိုတော့ အခန်းထဲမှာ နားနေနတယ်ကွဲ့။ "

အောင်ပိုင်ကောရန်ပိုင်နှစ်ယောက်လုံး သက်ပြင်းကိုယ်စီချမိတော့သည်။ လက်ထဲကသစ်သီးခြင်းကိုပေးကာ အတက်နိုင်ဆုံးအပြုံးကိုယ်စီနဲ့ပေါ့။ သူတို့ကိုမှတ်မိသွားလေမလားဆိုတဲ့စိတ်က ​ခြေဖျားလက်ဖျားများပင်အေးစက်လို့။

" သားရေ။ သားလူနာတွေရောက်လာတယ်။ "

အပြင်ကမေမေ့အေါ်သံကြောင့် မြတ်ထားပျိုခေါင်းထောင်ကာ ပြန်လဉ်အသံပြုလိုက်သည်။

" ဝင်ခဲ့လေမေမေ။ "

အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့လူတွေကြောင့် မြတ်ထားပျိုချက်ချင်းပဲ  အိပ်ယာပေါ်ကနေ ငေါက်ခနဲထထိုင်မိတဲ့အထိပင်။ အံ့သြမှု့ကြောင့်  မျက်လုံးပင်ပြူးကျယ်ဝိုင်းစက်သွားရသည်။ သူတွေ့လိုက်ရတာက ခေါင့်ရဲ့သူငယ်ချင်းတွေမို့လေ။ ခေါင်ကတော့မပါလာခဲ့ချေ။

ပျို (Complete)Donde viven las historias. Descúbrelo ahora