Part.27 (Unicode)

1.4K 73 1
                                    

အကိုနတ်ဆေးနဲ့ဆရာတို့ကိုစတွေ့တုန်းက သမိုင်းနေတစ်ယောက်ညီအကိုတွေလို့ထင်ခဲ့မိတာအမှန်ပင်။ အကိုနတ်ဆေးမေမေလာမှသာ လက်ထပ်ထားတယ်ဆိုတာကိုသိရတာဖြစ်သည်။ သူတကယ်အားကျမိတာ။ အကိုနတ်ဆေးက မျက်နာတည်ပြီး ဆရာ့အပေါ်မှာအမြဲအနိုင်ယူတက်ပုံရသည်။ ဆရာကတော့အကိုနတ်ဆေးကို အမြဲနိုင်ပေးထားတက်တာကိုမြင်ရသည်။ ဆရာကအနေအေးသလောက် အကိုနတ်ဆေးကတော့ ဆရာ့အပေါ်မှာအမြဲခက်ထန်လို့နေတာကိုလဲတွေ့ရသည်။ အကိုနတ်ဆေးကဆရာ့ကိုချစ်လို့ယူထားတာမဟုတ်ဘဲ ဆရာ့အမေကိုလက်စားချေချင်တာတစ်ခုထဲကြောင့်ဆိုတာကိုလဲ အဲ့နေ့ကမှဆရာပြောပြလို့ သမိုင်းနေသိခဲ့ရတာဖြစ်သည်။

ဆရာကအနေအေးသလို၊ လူနာအပေါ်၊ အခြားသူများအပေါ်ကို နွေးထွေးစွာနဲ့ဆက်ဆံပေးတက်သည်။ ဆရာနဲ့ကွဲပြားစွာ အကိုနတ်ဆေးကတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်တက်တဲ့သူ ကိုယ်ထင်ရာကိုအမြဲလုပ်တက်သူဖြစ်ပုံရသည်။

အေးအေးဆေးဆေးနေတက်သူနဲ့ ကိုယ်ထင်ရာကိုလုပ်တက်တဲ့သူတို့နှစ်ယောက်ဟာ တိုက်ခန်းတစ်ခုထဲမှာ နောက်လက်ထပ်ထားကြတာတဲ့လေ။

အကိုနတ်ဆေး၏မိခင်သည် သူ့ကိုသိပ်ပြီးမနှစ်မြို့သလိုခံစားရသည်။ ဒါကလဲသူ့စိတ်ကခံစားမိရုံသက်သပ်ဖြစ်သည်။ အကိုနတ်ဆေးမေမေက ဖော်ရွေသည်။ သူ့ကိုမြင်တာနဲ့သူမ၏အနားကိုထိုင်စေသည်။ အန်တီပြောတာကတော့ အန်တီတို့သားအမိက ထမင်းဆိုင်ဖွင့်ထားတာပါတဲ့လေ။ အခုတော့ ချမ်းသာသွားပြီတဲ့လေ။ အကိုနတ်ဆေးတို့ဘယ်လိုချမ်းသာသွားလဲဆိုတာ ဆရာလဲမသိဘူးတဲ့။

ဆရာကအကိုနတ်ဆေးကိုအတော်လေးချစ်ပုံရသည်။ ဆရာကအကိုနတ်ဆေးအကြောင်းကိုပြောနေရက် မျက်နာကလေးကပြုံးလို့နေသည်။ အကိုနတ်ဆေးကိုချစ်တယ်လို့ သူ့ကိုပြောတိုင်းဆရာကရှက်နေတဲ့မျက်နာလေးကိုလဲ မြင်ရတက်သည်။

သမိုင်းနေတစ်ယောက်ထဲတိုက်ခန်းမှာကျန်နေခဲ့တာမို့ ဟိုဟိုဒီဒီအကြောင်းတွေကခေါင်းထဲကိုရောက်လာတာမို့ တောင်တောင်အီအီစဥ်းစားနေတက်သည်။ အရင်ကတော့သူ မြန်မာနိုင်ငံကိုအနှံ့ပတ်ပြေးနေခဲ့သည်။ ခုချိန်ထိလက်ရှိတိုက်နဲ့ခြံကိုသူပြန်မသွားခဲ့တာ၃နှစ်တောင်ကြာခဲ့ပြီမဟုတ်လား။

ပျို (Complete)Où les histoires vivent. Découvrez maintenant