Part.18 (Unicode)

1.6K 70 1
                                    

ညကခေါင်ပြန်မလာခဲ့ပါ။ တစ်ညလုံးသူမျှော်နေပေမယ်ပေါ့။ ဖုန်းဆက်ရအောင်ကလဲ ခေါင့်ဖုန်းနံပါတ်ကိုသူမသိတာမို့ ဘယ်လိုဆက်သွယ်ရမှန်းမသိ။ ခေါင်အရက်တွေမူးပြီးများ ဟိုတယ်မှာညအိပ်လေမလား၊ ဒါမှမဟုတ် companyမှာပဲတစ်ညလုံးအလုပ်လုပ်နေမလားဆိုတာမတွေးတက်အောင်ရှိနေသည်။ ဒါပေမယ့်ခေါင်ပြန်လာရင် ဗ်ုက်ဆာနေမယ်ဆိုတာကိုသိ၍ သူမနက်စာလေးတောင်ပြင်ပေးထားသည်။ သို့သော်ခေါင်ကအခုထိရောက်မလာသေးချေ။

မြတ်ထားပျိုဆေးရုံကနေခွင့်တစ်ရက်ယူလိုက်တယ်။ တိုက်ခန်းကရှုပ်ပွနေတာရော၊ လိုအပ်တာတွေဝယ်ဖို့အတွက်ရောပေါ့။

လိုအပ်တဲ့ပစ္စည်းတွေကို city markကနေဝယ်ကာ တိုက်ခန်းကိုအရင်ရှင်းသည်။ နောက်ချက်ပြုတ်ဖို့ရန်အတွက် အိုးခွက်တွေကိုနေရာတကျစီကာထားလိုက်သည်။ ခေါင့်ရဲ့ပစ်ထားတဲ့အဝတ်အစားတွေကို ခြင်းတစ်လုံးထဲထည့်ကာ ရေချိုးခန်းထဲကဇလုံတသ်ခုထဲမှာစိမ်ထားလိုက်တယ်။ အိပ်ယာခင်းကအစ ခေါင်းအုံးအထုူံအဆုံးအကုန်လုံးကိုအသစ်လဲပစ်လိုက်တယ်။ အကုန်ရှင်းလင်းပြီးသွားတော့ ဖုန်းကနာရီကိုကြည့်လိုက်တယ်။ နေ့လည်တစ်နာရီတောင်ကျော်သွားတာမို့ လူကဗိုက်လဲဆာကာ လူကအနည်းငယ်နှုံးလို့နေတယ်။ နေ့လည်စာကိုတော့ အောက်ကထမင်းဆိုင်လေးမှာပဲ ဝယ်စားလိုက်တယ်။

ဆိုင်ရှင်အဒေါ်ကြီးကတောင် ခေါင့်ကိုရင်းနှီးနေပုံရသည်။ အဲ့အခန်းကကောင်လေးအတွက်လားတဲ့။ မနက်ခင်းကထပြေးတာမတွေ့လို့တဲ့လေ။

ဆိုင်ရှင်အဒေါ်ကြီးနဲ့စကားခဏပြောကာ အခန်းထဲကိုပြန်တက်လာခဲ့တယ်။ နေ့လည်စာစားပြီးချိန်မှာတော့ လူကပင်ပန်းလို့ထင်တယ် မျက်ခွံတွေလေးလာကာ လူကအိပ်စက်ခြင်းဆီကိုရောက်သွားခဲ့တယ်။

" အတော်လေးကိုပင်ပန်းနေတယ်ပေါ့လေ။ "

သူအိပ်နေတဲ့ကုတင်ပေါ်ကိုပစ်ချလာတဲ့အထုတ်တစ်ထုပ်။

ခေါင်ပြန်ရောက်နေပြီဆိုတော့ အချိန်ကတော့သောပုံမပေါ်။ တိုက်ခန်းအပြင်ကိုကြည့်လိုက်တော့ အပြင်မှာအနည်းငယ်မှောင်စပြုလို့နေပြီ။

ပျို (Complete)Tempat cerita menjadi hidup. Temukan sekarang