Part.29 (Unicode)

2.4K 99 1
                                        

" ပျို့ကိုမောင်ချစ်တယ်။ "

ညစာမစားခင်ခေါင်က ဝိုင်သောက်တက်ပြီး သူကတော့ခေါင်နဲ့အတူလေသာဆောင်မှာထိုင်ဖြစ်သည်။

ဝိုင်နီအချို့ပေကျံနေတဲ့ခေါင့်ရဲ့နှုတ်ခမ်းထူထူဆီကထွက်ကျလာတဲ့ ' ပျို့ကိုမောင်ချစ်တယ်' ဆိုတဲ့စကားလုံးဟာ ခေါင်သောက်နေတဲ့နှစ်ချို့ဝိုင်လို သူ့ကိုရစ်မူးစေသည်။ ထုံမှိုင်းစေပြန်သည်။

ချစ်ခဲ့မိတာကသူလို့ထင်ခဲ့မိပေမယ့် စချစ်ခဲ့တာကခေါင်တဲ့လေ။

" မောင့်ကိုပျိုချစ်လားဟင်။ ပျိုပြန်ချစ်ပေးနိုင်မလား။ "

ပျိုကသူ့မျက်နာကိုသာစိုက်ကြည့်နေပြီး စကားတော့တစ်ခွန်းမှပြန်မပြောသလို ခေါင်းလဲမညိတ်ခေါင်းလဲမခါခဲ့ပါ။

" ပျို...မောင်ပြောတာကြားရဲ့လားဟင်။ "

ခေါင်ကနာမည်ခေါ်လာတာမို့ မြတ်ထားပျိုမော့ကြည့်ဖြစ်သည်။ ခေါင့်ကိုတော့အဖြေမပေးရဲသေးပါ။ ခေါင်ကဒီအတိုင်းပဲလား ဒါမှမဟုတ်သူ့ကိုတမင်စတာပဲလားဆိုတဲ့စိတ်က လူကိုနေမထိထိုင်မသာဖြစ်စေသည်။

ပျိုကမျက်လုံးဝိုင်းကြီးနဲ့သာတစ်ချက်မော့ကြည့်ပြီး ခေါင်းကိုငုံ့သွားပြန်ပါသည်။ နတ်ဆေးဝိုင်ခွက်ကိုယူကာ တစ်ခွက်လုံးကုန်အောင်မော့သောက်ပစ်လိုက်တယ်။ ဝိုင်ကအရက်လိုအရမ်းကြီးမပြင်းဘူးဆိုပေမယ့် လူရဲ့စိတ်ကိုတော့ ရသ်မူးရီဝေစေတယ်မဟုတ်လား။

" ကိုယ်...စဥ်းစားပါရစေအုံးခေါင်။ ကိုယ်မင်းရဲ့အချစ်ကိုမယုံရဲသေးဘူး။ "

ပျို့ရဲ့စိတ်ကိုနတ်ဆေးနားလည်ပေးနိုင်သည်။ ပျိုစိုးရိမ်နေတဲ့အရာ၊ ပျိုသူ့ကိုမယုံကြည်နိုင်ဖြစ်နေတဲ့အရာကို သူတစ်ကြိမ်ကျူးလွန်ခဲ့ဖူးတာမဟုတ်လား။

ပျို့ရဲ့မျက်လုံးတွေကမတည်မငြိမ်ဖြစ်နေသည်။ ပျိုဘာကိုတွေးပြီးကြောက်နေလဲဆိုတာကိုလဲ နတ်ဆေးသိသည်။ ပျို့ကိုသူ့ရဲ့အချစ်တွေဝန်ခံတာနောက်ကျသွားပေမယ့် ပျို့ကိုတော့သူ့အနားမှာရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့တော့ တော်သေးတယ်ဆိုရမည်။ ပျိုသာသူ့အနားမှာရှိမနေပေးခဲ့ရင်၊ ပျိုသာသူနဲ့အဆက်အသွယ်ဖြတ်ခဲ့မယ်ဆိုရင်...

ပျို (Complete)Donde viven las historias. Descúbrelo ahora