Part.11(Unicode)

1.8K 81 0
                                    

" အားလုံးပဲဧည့်ခန်းထဲကိုလိုက်ခဲ့ကြ။ "

ခင်လွန်းသူတစ်ယောက် မိသားစုဝင်အားလုံးကို ဧည့်ခန်းသို့ခေါ်လိုက်တယ်။ သူမအခန်းထဲကနေ တလှမ်းချင်းပဲ အိန္ဒြေရစွာဆင်းသက်လာပေမယ့် သူမ၏ချွေးမလတ်နဲ့ သားငယ်လင်မယားတို့ကတော့ မျက်စိပျက်မျက်နာပျက်လို့ပေါ့။

" ထိုင်ကြ။ "

ဧည့်ခန်း၏ခုံပေါ်တွင်အသီးသီးနေရာယူကာ ဒေါ်ခင်လွန်းသူ၏ စကားအဓိပ္ပါယ်ကို သဘောမပေါက်တဲ့ နတ်ဆေးတို့ကတော့ အူလည်လည်ပင်။

" ခနနေမိသားစုရှေ့နေလာလိမ့်မယ်။ ဒီနေ့မှာမင်းတို့အားလုံးကို ငါအမွေခွဲပေးရလိမ့်မယ်။ "

တိကျပြတ်သားစွာဆိုလာတဲ့ မိခင်ဖြစ်သူ၏စကားကို ခေါင်းခါရမ်းကာ မလိုအပ်ဘူးဆိုတဲ့အကြောင်းကိုပြောလာသူက ဒေါ်သူသူလှပင်။ သူမဒီအမွေတွေကို လိုချင်လို့ဒီအိမ်ကိုပြန်လာခဲ့တာမဟုတ်ဘူးလေ။ အမေအသည်းအသန်နေမကောင်းလို့ဆိုတဲ့ စကားကြောင့်သာ သူမတို့သားအမိဒီအိမ်က်ိုပြန်ရောက်ခဲ့ရတဲ့အကြောင်းအရင်းတစ်ခုသာ။

" ကျွန်မတို့သားအမိအတွက်တော့စိတ်မပူပါနဲ့။ အမေပေးမယ့်အမွေတွေကို ကျွန်မတို့သားအမိမလိုချင်ဘူးအမေ။ အမေ့ကျန်းမာရေးမကောင်းဘူးဆိုလို့သာ ဒီကိုရောက်လာခဲ့တာ။ "

အမေကသက်ရှိထင်ရှားရှိနေတာကိုတောင် သူမတို့မောင်နှမကိုအမွေခွဲဝေပေးမယ်ဆိုတဲ့စကားက အဓိပ္ပါယ်မဲ့မနေဘူးလား။

" ကျွန်တော်တို့ရောက်ပါပြီသူဋ္ဌေး။ "

လူနှစ်ယောက် တနည်းဖြင့်သူမနဲ့အသက်အရွယ်တူအမျိုးသားနှစ်ယောက်က သူမတို့ထိုင်ရာနေရာကို ဦးတည်လာကာအမေ့ကိုခေါ်လိုက်တာမျိုး။

" လာခဲ့မောင်မျိုးသူ။ မောင်သူရအောင်လဲအတူထိုင်လေ။ "

ထိုအမျိုးသားနှစ်ယောက်ကို သူသူလှမတွေ့ဖူးတာမို့ ဘယ်သူဘယ်ဝါဆိုတာမသိပေမယ့် မောင်အငယ်ဆုံးလင်မယားနဲ့ ယောင်းမဖြစ်သူကတော့ ဟန်ဆောင်မရအောင် ပျက်ယွင်းနေတဲ့မျက်နာဟာအတိုင်းသား။

" မြေးနတ်ဆေး။ ဒီဘက်ကမောင်မျိုးသူကရှေ့နေ။ မောင်သူရအောင်ကတော့ ဒေါက်တာပေါ့။ ဖွားရဲ့ကျန်းမာရေးအခြေအနေကိုသူကအသိဆုံးပဲ။ "

ပျို (Complete)Where stories live. Discover now