Part.23 (Unicode)

1.5K 67 0
                                    

ရုံးပိတ်ရက်မို့ နတ်ဆေးတိုက်ခန်းမှာသာတစ်ယောက်ထဲကျန်နေခဲ့တယ်။ ပျိုကတော့ဆေးရုံကိုသွားရအုံးမယ်ဆိုပြီးထွက်သွားလေရဲ့။ မနက်စာကိုတော့ ပျိုကသူ့အတွက်ပြင်ဆင်ပေးခဲ့ပေမယ့် နေ့လည်စာကိုတော့ စီစဥ်မပေးခဲ့ပါ။

အိပ်ယာထက်မှာ ဟိုလူးဒီလူးနဲ့တစ်ယောက်ထဲ လူးလွန့်နေတဲ့နတ်ဆေး။ ပျိုမရှိတော့ အိပ်ယာပေါ်မှာလဲဆက်မအိပ်ချင်တော့တာကြောင့်အိပ်ယာထကာ မျက်နာသစ်၊ကိုယ်လက်သန့်စင်လိုက်တယ်။ မနက်တိုင်းအစောထပြေးဖြစ်တဲ့အကျင့်ဟာ ပျိုနဲ့ကျမှပျက်လုလု။ အရင်ရက်တွေတုန်းက သူမပြေးဖြစ်တာမို့ အဆီတွေတက်ကာ ဗိုက်ကနည်းနည်းတောင်ရှေ့ကိုစူထွက်လာ၏။

နတ်ဆေးလက်တိုတစ်ထည်ကိုထုတ်၊ ဒူးအထက်ရှိတဲ့ အားကစားဘောင်းဘီကိုပါတစ်ပါထဲထုတ်လိုက်တယ်။ ဒီနေ့တော့ သူအားကစားလုပ်မှဖြစ်တော့မည်။ သူဒီလိုသာအပျင်းတစ်နေမယ်ဆို တစ်နေ့ထက်တစ်နေ့စူထွက်လာတဲ့ ဗိုက်ကြောင့် ပျိုကသူ့ကိုထားရစ်ခဲ့မှာသေချာ၏။ ဒီတော့သူရှေ့ထွက်နေတဲ့ဗိုက်ကိုအမြန်ပြန်ထည့်မှရမည်။

********

" ဆရာမလေး။ "

" ရှင် ဆရာ။ "

မနေ့ကဆေးရုံအုပ်ကြီးရဲ့စကားကြောင့် မြတ်ထားပျိုအတွေးကိုနယ်ချဲ့။ နောက်သမိုင်းနေဆိုတဲ့ကောင်လေးရဲ့အကြောင်းတွေကိုလဲ သူသိချင်လာခဲ့သည်။ ဆိုးတာက ဆေးရုံအုပ်ကြီးက ဘာမှမပြောပြတာပင်။ သမိုင်းနေဆိုတဲ့ကောင်လေးရဲ့ မိဘတွေက သမိုင်းနေကိုဘာကြောင့် အိမ်ပြန်မခေါ်သွားပဲ ဆေးရုံမှာသာဆေးကိုဆက်ကုသစေသည်။ သူတို့၏ချမ်းသာမှု့နဲ့ဆိုရင် မြန်မာပြည်မှာမဟုတ်ဘဲ နိုင်ငံခြားကအကောင်းဆုံးဆိုတဲ့ဆရာဝန်တွေကိုတောင် ပြနိုင်တဲ့အခြေအနေတစ်ခုလေ။

" အော်...သမိုင်းနေရဲ့အခြေအနေက မနေ့ကလောက်ဆိုးသေးလားလို့မေးတာပါ။ "

" အရက်ကလောက်တော့မဆိုးတော့ပါဘူးဆရာ။ အရင်နေ့ကဆိုရင် သူ့အနားကိုကပ်လာတဲ့ကျွန်မကိုတွေ့ရာနဲ့ကောက်ထုတက်ပေမယ့် ၊ ဒီနေ့တော့အိပ်ယာကနေစိတ်ကြည်လင်စွာနဲ့ထလာတယ်ဆရာ။ သွားတိုက်တာ၊ မျက်နာသစ်တာကအစ သူ့ဘာစာအစီအစဥ်တကျလုပ်သွားတာမို့ ဒီနေ့တော့စိတ်ပူစရာမလိုပါဘူး။ "

ပျို (Complete)Donde viven las historias. Descúbrelo ahora