ဆေးရုံဝန်းထဲဝင်လာတဲ့ ကားအနက်ရောင်တစ်စီးဟာ ဆေးရုံထဲကလူနာစောင့်တွေရဲ့မျက်လုံးထဲသာမက ဆရာ၊မတွေရဲ့အကြည့်တွေကပါ ကားဘေးမှာရပ်နေတဲ့လူဆီမှာသာပုံကြလို့နေသည်။ ကားထက်ပိုပြီးကြည့်လို့ကောင်းနေတဲ့ ထိုလူသည် ကားအနက်ရောင်ကို ဟန်ပါပါမှီရပ်ရင်း လက်ထဲကစီးကရပ်ကို တစ်ချက်ရှိုက်ဖွာနေပုံမှာ စတိုင်ကျလို့နေသည်။ ကိုးရီးယားမင်းသားအလား။ ထိုလူသည်အနက်ရောင်ကားကြီးကိုနောက်ခံထားပြီး သူ၏တကိုယ်လုံးဟာလဲ all blackကိုဆင်မြန်းထားသေး၏။ အနက်ရောင်အစင်းကြားတီရှပ်လက်တိုနဲ့ ဂျင်းနက်သာမက လည်သာဖိနပ်အနက်ကိုလဲ တွဲဖက်ဝတ်ဆင်ထားလေသည်။ အနက်ရောင်မျက်မှန်ကို ခေါင်းပေါ်သို့ပင့်တင်လိုက်တဲ့အခါ ထကြွလာတဲ့လက်မောင်းကြွက်သားတွေက ဂျင်ဆော့ထားတယ်ဆိုတာကိုဖော်ပြလို့နေသည်။ ခပ်နက်နက်မျက်ခုံးတန်းတွေရယ် မျက်မှန်အောက်ကပေါ့လာတဲ့မျက်ဝန်းတစ်စုံက စူးရှကပြတ်သားမှု့ကိုဖော်ပြလို့။ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံက ပန်းပုဆရာထွင်းထုထားသလို ပိရိသေသပ်လှသည်။ လေးထောင့်မဆန်သောမျက်နာဟာ v chageသဏ္ဍာန်။ ဆေးလိပ်ညှပ်ထားတဲ့လက်တွေဟာ သွယ်လျလို့နေသည်။ အနက်ရောင်ခပ်ရှည်ရှည်ဆံပင်ကိုသေသပ်အောင်ဖြီးသင်ထားပြီး အပေါ်ကိုစုကာချည်နှောင်ထားပြန်သည်။
ယောကျ်ားဆန်သောကိုယ်နေဟန်ထားက မြင်ရသူကိုနှစ်ခါပြန်ငေးမောစေတဲ့အထိ ဆွဲဆောင်မှု့အားပြင်းလို့နေသည်။ လူတစ်ကိုယ်လုံးကိုခြုံကြည့်လျှင်လဲ ထိုလူဟာကြည့်ကောင်းတာထက် ပိုပြီးကြည့်ကောင်းလို့နေတယ်။
နတ်ဆေးကားပေါ်ကနေဆင်းလိုက်ကတည်းက သူ့ကိုသိသိသာသာကော မသိမသာပါကြည့်နေကြတဲ့လူတွေကို ဥပေက္ခာပြုကာ ဆေးရုံထဲကထွက်လာမည့်သူရှိရာကိုသာ စူးစိုက်ကြည့်နေမိသည်။
မြတ်ထားပျိုအခုမှခွဲခန်းထဲကနေထွက်လာတာကြောင့် လက်ထဲကနာရီကိုကြည့်တော့ ည၇နာရီတောင်ခွဲတော့မည်။ အရေးပေါ်လူနာရောက်လာတာရယ်၊ အချိုခွဲခန်းဝင်နေတဲ့ဆရာတွေရယ်ကြောင့် ဆရာဝန်မလောက်တာမို့ သူကပဲဦးဆောင်ကာ ခွဲခန်းဝင်ပေးရတော့သည်။ အရေးပေါ်လူနာက ချက်ချင်းမှမခွဲစိတ်ရင် အသက်ရှင်ဖွယ်ရာမရှိလောက်အောင်ကို ထိုလူနာကအရေးတကြီးပင်။ ကားအက်ဆီဒန်လူနာသည် နားထင်နားမှာ မှန်ကွဲစစိုက်နေတဲ့အပြင် ဝမ်းဗိုက်မှာလဲ မှန်ကွဲချထားပုံရတဲ့အနားဟာ အတော်လေးကိုသွေးထွက်လို့နေတယ်။ သွေးလိုအပ်တာကြောင့် အရေးပေါ်သွေးအလှူရှင်ကိုရှာရသေးတယ်။ လိုအပ်တဲ့သွေးတွေရမှ ခွဲစိတ်မှု့ကိုစတင်ရတာမို့ လူကအတော်လေးပြိုင်းလို့နေသည်။ 30%
သာ သူ့ဘက်မှာရှိတဲ့လူနာဟာ အချိန်၃နာရီလောက်ကြာအောင်ခွဲစိတ်ပြီးချိန်မှာတော့ စိုးရိမ်စရာမရှိအောင် ခွဲစိတ်မှု့ကအောင်မြင်လာသည်။ သူပဲကံကောင်းတာလား၊ လူနာကပဲကံကောင်းလေသလားိသိ၊ သူနဲ့ခွဲခန်းဝင်တဲ့လက်ထောက်တွေက သူ့ကိုလက်လျော့ခိုင်းတာကိုတောင် သူရအောင်ခွဲစိတ်ခဲ့ရသည်။ သူတို့လိုဆရာဝန်တွေက လူနာကိုအသက်1% လောက်သာအသကခရှင်နိုင်ရင်တောင် ကယ်တင်ရမယ့်သူတွေမဟုတ်လား။ လူနာအသက်ကိုသေမင်းလက်ထဲကနေ အချိန်မှီကယ်ထုတ်နိုင်ခဲ့တာဟာ ဆရာဝန်တွေရဲ့ပျော်ရွှင်စရာပီတိတစ်ခုဖြစ်လေသည်။
ESTÁS LEYENDO
ပျို (Complete)
Romanceဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
