Part.17 (Unicode)

2.5K 97 0
                                        

* ချစ်ခဲ့ဖူးလာမေးရင် ချစ်ခဲ့ဖူးတယ်ဖြေချင်ပေမယ့် ချစ်တဲ့စိတ်ကိုမြိုသိပ်ထားချင်သေးတယ်ပျို။ ဘာလို့လဲလို့မေးနေမယ့်အစား ခင်ဗျားသာကျုပ်အနားမှာရှိနေပေးပါ။ ပြိုလဲချင်နေတဲ့ ကျုပ်စိတ်တွေ ခင်ဗျားရှိသေးတယ်ဆိုအတွေးနဲ့ အရာအားလုံးကိုဖြတ်ကျော်ခဲ့ပြီးပြီ။

အဝေးကနေငေးကြည့်နေခဲ့တာကြာပြီမို့ အခုတော့နီးစပ်ခွင့်လေးကို လောဘတက်နေမိပြီ။

*မင်းရဲ့ဒဏ်ရာတွေကို ငါနားလည်တာမို့ မင်းအနားမှာငါအမြဲခစားပေးနေမယ်ခေါင်။ အငြိုးကြီးတဲ့လူတစ်ယောက်မဖြစ်စေချင်ပေမယ့် မင်းခံစားခဲ့ရတဲ့အရာတွေကြောင့် ငါ့အချစ်နဲ့နှစ်သိမ့်ပေးပါရစေ။ မင်းနှလုံးသားလေးနွေးထွေးပြီး ငါနာကျင်ခဲ့ရတယ်ဆိုရင်လဲပဲ ကျေနပ်တယ်။

လူကြီးစုံရာနဲ့ကောက်ချလာတဲ့ပျို၏မာတာမိခင်။ မျက်နာထားကတော့အရင်လိုတင်းမာနေဆဲ။ သို့ပေမယ့်နတ်ဆေးခေါင် ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ဟန်နဲ့ ခြေတစ်ဖက်ကိုချိတ်ကာ ဆိုဖာခုံကိုကျောမှီထားလိုက်သေးတယ်။ သူ့ဘေးနားကပျို့ကိုတစ်ချက်ကြည့်လိုက်တယ်။

" အင်း လက်ခံလို့မရတော့တဲ့အခြေအနေဆိုတော့ ငါလက်ခံပေးလိုက်ပါ့မယ်။ "

ဒေါ်စိတ်ထားမြတ်ရဲ့မျက်နာကတော့ ခင်မို့မို့အေးမျက်နာထားမျိုး။ သားဖြစ်သူကို မျက်စောင်းတစ်ချက်ဝင့်ထိုးရင်း သူမ၏မတက်သာတဲ့အဆုံးလက်လျော့လိုက်ဟန်ဖြင့်ပြောလိုက်တယ်။ ရပ်ကွက်လူကြီးတွေကလဲ အဆင်သင့်ပါလာတာမို့ သူမက စိတ်ကိုအများကြီးလျော့ထားဟန်တူသည်။

" မင်းကလူကြီးတွေလာတာတောင် ဘာဘာညာညာလေးလုပ်မထားဘူးလား။ "

ခုံပေါ်တွင်အနည်းဆုံးေဆာ့ လက်ဖက်ရည်၊ မုန့်အချို့ကိုမတွေ့တာမို့ ဒေါ်စိတ်ထားမြတ်က သူ့ကိုမေးလာတယ်။

" ဒါကမိန်းမတောင်းနေတာမဟုတ်ဘူးထင်တယ်အန်တီ။ အန်တီ့သားက ကျုပ်ရဲ့တိုက်ခန်းထဲကိုဋ္ဌရာက်နေတာလေ။ သေချာတွေးပါအုံး။ အဟက်...

ဒါ့ကြောင့်မို့ ဘာနဲ့မှဧည့်ခံစရာမလိုလောက်ဘူးထင်လို့ မစီစဥ်ထားတာ။ လိုအပ်တယ်ဆိုရင်တော့ ပျိုခင်ဗျားပဲ အကုန်လုပ်ပေးလိုက်။ "

ပျို (Complete)Where stories live. Discover now