Part.32 (Unicode)

1.5K 61 0
                                    

" အာ...ခေါင်းတွေကိုက်လိုက်တာ။ "

မြတ်ထားပျိုတစ်ယောက် အိပ်ယာကနေခေါင်းမထောင်နိုင်အောင်ဖြစ်နေသည်။ ထိုးကိုက်နေတဲ့ခေါင်းကို လက်နဲ့နိပ်ကာခေါင်းကိုက်ပြေလိုပြေညားပေါ့။ ခေါင်းကိုက်ကမပြေ။ ဘေးနားကအိပ်ယာကိုစမ်းလိုက်တော့ အရင်လိုပဲတစ်ယောက်ထဲအိပ်နေရတုန်း။ ညကအိပ်မက်လိုလိုနဲ့ မောင့်မျက်နာကိုတွေ့လိုက်ရပါသေးတယ်။ မြတ်ထားပျုမောင့်ကိုအရမ်းလွမ်းနေတာကြောင့်ဖြစ်မည်။ မောင်ကသူ့ကိုငချွဲလေးဆိုပြီး ပါးကိုလဲအကြိမ်ကြိမ်နမ်းသလို၊ သူ့နှုတ်ခမ်းတွေကိုလဲနမ်းနေတာမှအကြာကြီးဖြစ်သည်။

" လွမ်းလိုက်တာမောင်ရာ။ "

အခုလိုအရက်တွေအများကြီးသောက်မိတိုင်း မောင်ကမနက်တိုင်း ခေါင်းကိုက်ပြေစေရန် (အမူးပြေစေရန်) အတွက်ပျားရည်နဲ့သံပုရာသီးကိုဖျော်ကာတိုက်တက်တာကိုလဲ သတိရမိတော့ ငိုချင်တဲ့စိတ်ကထိန်းမရတော့။

တံခါးဖွင့်သံကြောင့်အငိုရပ်သွားပေမယ့် တံခါးဝကလူကိုမြင်တော့ ပိုပြီးငိုချင်လာပြန်သည်။

" အဟီး...မောင့်ကိုပဲငါ့မျက်လုံးတွေကမြင်နေရတယ်။ ငါမောင့်ကိုအရမ်းသတိရနေပြီမောင်ရေ။ အဟီး..."

" ပျိုလေးခေါင်းကအရမ်းကိုက်နေလို့လားဟင်။ နေမကောင်းဖြစ်နေလို့လား။ "

ဟော မောင့်မျက်နာတင်မဟုတ် မောင့်အသံကိုလဲကြားနေရပြန်သည်။ မောင့်ရဲ့ဂရုစိုက်မှု့တွေက အရင်ကလိုပဲနွေးထွေးနေဆဲပဲ။ မောင့်ကိုသတိရလွန်းတဲ့စိတ်တွေကြောင့်ဖြစ်မည်။

တဟီးဟီးနဲ့ အော်ငိုနေတဲ့ပျိုက ကလေးငယ်လေးတစ်ယောက်လိုပင်။ သူ့ကိုမြင်မှပိုငိုတဲ့ငချွဲလေးကြောင့် ခေါင်းတွေအရမ်းကိုက်နေသလားလို့မေးရပြန်သည်။ ညကအမူးအရှိန်ကြောင့် အဖျားများဝင်သလားဆိုတဲ့ စိုးရိမ်မှု့နဲ့နတ်ဆေး ပျို့နဖူးလေးပေါ်လက်တင်ကာစမ်းရင်း သူ့နဖူးပေါ်ကိုလဲလက်တင်ရပြန်သည်။ သူ့ရဲ့ကိုယ်ပူရှိန်နဲ့ပျို့ရဲ့ကိုယ်ပူရှိန်ကိုတိုင်းတာနေတာဖြစ်သည်။

" ကိုယ်လဲမပူပါဘူး။ အဖျားတော့မရှိဘူးထင်တယ်။ ညကအသောက်များသွားလို့ ခေါင်းကိုက်နေတာနေမယ်။ မောင်ပျားသံပုရာရည်လေးဖျော်ထားတယ်။ ဒါလေးသောက်လိုက်နော်ပျို။ "

ပျို (Complete)Donde viven las historias. Descúbrelo ahora