Ep.2
အိမ်ရှေ့အုတ်ခုံမှာ စတင်ကြားလိုက်ရတဲ့ ဂစ်တာကြိုးညှိ့သံ အသံသဲ့သဲ့က မြတ်ထားပျိုရဲ့နားထဲသို့ လွှင့်ပျံကာတိုးဝင်လာတော့သည်။ မြတ်ထားပျိုဖုန်းကြည့်နေရာမှ အနည်းငယ်နားစွင့်နေမိသည်။
သူတို့အိမ်အနီးနားမှာကလဲ သီချင်းမပြောနဲ့ဂစ်တာတောင် ကောင်းကောင်းမတီးတက်တဲ့သူကခပ်များများရယ်။ အနီးနားကကောင်မလေးတွေကို လာကြောင်သည်ဟုဆိုရသော်လဲ အခုကခေါင်တို့သူငယ်ချင်းတစ်စုပင်။ နေ့လည်ကခေါင့်သူငယ်ချင်းတွေနဲ့တွေ့ပြီး ခေါင်ဖုန်းဆက်လာ၍သာ အခုလာဆိုနေတဲ့သူတွေက ခေါင်တို့ဆိုတာ မြတ်ထားပျိုသိနှင့်နေတာဖြစ်သည်။
သူ့တို့အိမ်အနီးနားမှာကလဲ ကောင်မလေးငယ်ငယ်ချောချောလေးတွေကမရှိ။ ရှိတာကလဲ အိမ်ရဲ့တောင်ဘက်မှာက အဖွားအိုလင်မယားနှစ်ယောက်နဲ့မြေးငယ်လေးတစ်ယောက်သာ။ အိမ်ရဲ့တောင်ဖက်မှာကျတော့လဲ အသက်လေးဆယ်ကျော်အပျိုကြီးတစ်ယောက်သာရှိသည်။ ပျိုတို့အိမ်ခြေရင်းနားလောက်တော့ အမြဲအိမ်အပေါက်ပိတ်ထားတာမို့ ဘယ်သူဘယ်ဝါတွေရှိတယ်ဆိုတာ မြတ်ထားပျိုမသိ။
စတင်တိုးဝင်လာတဲ့ဂစ်တာသံနှင့်သြရှရှအသံဟာ သီချင်းနဲ့လိုက်ဖက်ညီလွန်းလှသည်။ မူရင်းအဆိုတော့၏အချစ်ခံစားနဲ့သီဆိုမှု့ထက် ခေါင့်ရဲ့အသံခေါင့်ရဲ့ခံစားချက်ကြောင့်မို့ထင်တယ် ပိုပြီးနားထောင်လို့ကောင်းလွန်းလှသည်။
ထိုအသံ....
ဒီအသံကသူရင်းရင်းနှီးနှီးကြားခဲ့ဖူးသောအသံ။ သူဒီရက်တွေမှာ လွမ်းနေရတဲ့အသံလေး။ မြတ်ထားပျိုအိပ်ယာပေါ်ကနေထကြည့်ချင်မိတဲ့အထိပင်။ မြတ်ထားပျိုကုတင်ပေါ်ကဆင်းကာ ပြတင်းတံခါးနားကိုလျှောက်သွားလိုက်သည်။
ခေါင့်အသံက သူ့ကိုဆွဲဆောင်လွန်းလှတာမို့ တုန့်ဆိုင်းနေချင်းမရှိပဲ ပြတင်းတံခါးကိုဖွင့်ကာ အပြင်ကိုငေးကြည့်မိတော့ အိမ်ရှေ့အုတ်ခုံမှာ အကျအနထိုင်ကာ သူရှိရာပြတင်းတံခါးကိုငေးကြည့်ပြီး သီချင်းဆိုနေတဲ့ ခေါင့်ရဲ့မျက်ဝန်းတွေနဲ့ တန်းတိုးတော့သည်။ တချက်တချက်တိုက်ခတ်လာတဲ့ လေပြေအေးလေးတွေကလဲ သူ့ကိုတိုက်ခတ်ကြည်စယ်လာလေသည်။ သာယာကြည်နူးစိတ်နဲ့ လူကအိမ်အပြင်ကိုတောင်ထွက်သွားချင်မိသည်။.လွမ်းနေရတဲ့ခေါင့်မျက်နာလေးကို သူအကြာကြီးငေးကြည့်နေမိသည်။
ВЫ ЧИТАЕТЕ
ပျို (Complete)
Любовные романыဂျစ်ကန်ကန်ကောင်လေးနဲ့ ဆရာဝန်ရိုးရိုးအေးအေးကောင်လေးတို့နှစ်ယောက်အကြားက အချစ်။ Sart.3.12.2022 End date.9.5.2023
