Part.22 (Unicode)

1.5K 79 3
                                    

"ဆရာ။ "

မနေ့ကတာဝန်ကျတဲ့ဆရာမလေးရဲ့ခေါ်သံ။

" ဘာဖြစ်လို့လဲဆရာမလေး"

မြတ်ထားပျိုဆေးကောင်တာရှေ့ရောက်ခါစရှိသေး နပ်စ်မလေးရဲ့ခေါ်သံ။ မျက်နာကပျက်ယွင်းနေတာကသိသိသာသာ။ ပြီးတော့ဆရာမလေးက သူ့ကိုပြောရမှာမဝံ့မရဲဖြစ်နေပုံရသည်။

" ပြောပါ။ မနေ့ကလူနာကော သတိပြန်လည်လာပြီလား။ "

ဆရာမလေးကပြောရခက်နေတာမို့ သူကပဲစကားလမ်းကြောင်းပေးတော့မှ ဆရာမလေးကဝမ်းသာတဲ့မျက်နာဟာဝင်းပလျှက်ရှိလာသည်။

" လူနာကသတိရပါပြီဆရာ။ ဒါပေမယ့်လေ သူသတိရပြီးကတည်းက အော်ဟစ်သောင်းကျန်းနေတာ အချိန်အကြာကြီးပဲ။ အိပ်ဆေးတစ်လုံးထိုးလိုက်ရတယ်။ သူ့မှာဒဏ်ရာကသွေးတွေပြန်ထွက်လာလို့လေ။ မဟုတ်ရင်ချုပ်ရိုးကွဲသွားနိုင်တယ်မဟုတ်လားဆရာ။ "

" ဆရာမလေးက အခြေအနေအရိပ်အကဲတော့ မြန်သားပဲ။ သင်တန်းသေချာပို့ချလိုက်ပုံရတယ်။ ဆရာမလေးတော်တယ်။ "

မနေ့ကလူနာရှင်တွေရောက်မလာသေးတာကြောင့် သူကပဲနပ်စ်မလေးတစ်ယောက်ကိုခေါ်ပြီး လူနာကိုညစောင့်ခိုင်းရလေသည်။ သန္တာကလဲလူနာရဲ့အုပ်ထိန်းသူတွေပေါ်မလာတာမို့ထင်တယ် ညကသူ့ကိုမဆက်သွယ်။

" ဆရာ "

" ဗျာ"

ညကလူနာကပြန်နိုးလာပြီဆရာ။ အဲ့တာသူ့ကိုကုပေးတဲ့ဆရာဝန်ကိုတွေ့ချင်သတဲ့လေ။ ဆရာမရောက်သေးဘူးလို့ပြောတာလဲ ဘယ်လိုမှပြောမရဘူး။ ကျွန်မကိုလဲတွေ့တဲ့အရာနဲ့ကောက်ပေါက်နေတော့တာပဲ။ "

နပ်စ်မလေးက ညီးညူစွာနဲ့ပြောလာတာမို့ ဆရာမလေးကိုရှေ့ကသွားခိုင်းလိုက်ရသည်။ သူကတော့ဂျူတီကုတ်ဝတ်ကာ ချက်ချင်းပဲညကလူနာရှိရာ အခန်းကိုသာဝင်လာတော့သည်။ မြတ်ထားပျိုမဝင်ခင် ​တံခါးပေါက်နားအရောက်တွင် အခန်းထဲမှာကြားလိုက်ရတဲ့ ဒေါသထွက်နေတဲ့လူနာ။

" မင်းကိုထွက်သွားလို့ပြောနေတာလေ။ အဲ့ဒီဆရာဝန်ကိုသာ ငါ့ကိုခေါ်ပေး။ အဲ့ဆရာဝန်နဲ့ငါတွေ့ချင်တယ်။ "

မြတ်ထားပျိုအချိန်ဆွဲမနေတော့ဘဲ တံခါးလက်ကိုင်ဘုကို တွန်းဖွင့်ကာချက်ချင်းပဲအခန်းထဲဝင်လာရတော့သည်။

ပျို (Complete)Wo Geschichten leben. Entdecke jetzt