ep 9

1.4K 121 2
                                    

ထူးလဲ့သစ်နဲ့ သော်တာမှူးဝေတို့ အခု hall ခန်းမထဲမှာ ရောက်နေကြရသည်။ မနက်ဖြန်ကျရောက်မဲ့ fresher welcome တွက် rehearsal လုပ်ဖို့ရန်အတွက်ပေါ့။

တကယ်ဆို သူတို့နှစ်ယောက်က ဘယ်အစီအစဉ်ထဲမှာမှ မပါပါဘူး။ ဒီတိုင်းနှစ်ယောက်သားက အတန်းမတက်ချင်တာနဲ့ ဒီကိုလာပြီး အလေလိုက်နေကြတာလေ။ သော်တာမှူးဝေကတော့ ဒီကိုလာပြီး စျေးဗန်းလာခင်းသည်ဟုပဲ ဆိုရမည်။

"မသော်~~ "

"ဪ...ထက်ဘုန်းရှိန်"

တွေ့တယ်မလား...တွေ့တယ်မလား အချိုးတွေကို... ။
'ဝေါ့!!!အော်ကလီဆန်ချင်စရာကြီး'

အစတုန်းကတော့ သူပဲ ယောက်ျားလေးတွေကို မကြိုက်သလိုလို အမချမ်းမျိုးသူကိုပဲ စိတ်ဝင်စားနေသလိုလိုနဲ့ သူ့မှာ အမချမ်းမျိုးသူနဲ့ အောင်သွယ်ပေးဖို့ကိုတောင် လုပ်လိုက်ရသေးသည်။

အခုကြမှ ဘလောင်းဘလဲသော်တာမက ဒီနှစ်ရဲ့ မေဂျာကင်းလောင်းကင်းလျာလေးကို မတန်မရာနဲ့ ဆွဲစားဖို့ကြံစည်နေပါသတဲ့။ ဝါး... တော်တော်လေးလည်း အကြံပက်စက်လှတဲ့ သော်တာမှူးဝေပါလား။

ဒါပေမယ့် သူ့ကိုပဲချည်းလည်း ပြောလို့မရပြန်ပေ။ ဟိုကမောင်မောင်လေးကလည်း သင်းကိုက မဆွတ်ခင်ကကိုညွှတ်ချင်နေတာလေ။ သော်တာ့ကို ကြည့်တဲ့အကြည့်တွေမှာကိုက ချစ်ရည်တွေရွှန်းလဲ့နေတာ ဟွန့် ပြောမ‌ပြောချင်တော့ပါဘူး။

ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း ဒီတလော welcome ပွဲအတွက် ပြင်ဆင်နေရင်းအတောအတွင်းမှာကိုပဲ ဘာညာကွိကွနဲ့ နည်းနည်းပါးပါး တိုးတက်လာတယ်လို့ဆိုရမည်။

အင်...ကြည့်ရတာ ဒီတစ်ခေါက်တော့ သော်တာမှူးဝေတို့ တကယ်ကြီး ရည်းစားရတော့မည်ထင်ပါရဲ့။ ဒီမောင်လေးနဲ့မှ စွံသွားရင်တော့လည်း ကောင်းပါသည်လေ။ သော်တာလေး fa ဘဝကကျွတ်ရတာပေါ့။

"မသော် ဒီတစ်ခေါက် လေ့ကျင့်ပြီးသွားရင် ထမင်းအတူသွားစားကြရအောင်လေ။ ကျွန်တော်ဝယ်ကျွေးပါမယ်။ အမထူးလဲ့ကောပဲ အတူတူလိုက်ခဲ့ပါ..."

"အာ sorryနော် မောင်လေးရယ်။ အမက လိုက်တော့ လိုက်ချင်ပေမယ့် အမကောင်လေးနဲ့က ချိန်းထားပြီးသားဖြစ်နေလို့။ အဲ့တာ အမ မလိုက်တော့ဘူး။ သော်တာနဲ့ပဲ နှစ်ယောက်ထဲ သွားလိုက်ကြတော့ ဟုတ်ပြီလား"

ME AFTER YOUWhere stories live. Discover now