ep 59

2.8K 225 18
                                    

၃လခန့်ကြာပြီးနောက်...

ဒေါ်ယမင်းဟု အခေါ်ရှိသည့် အက်ခွန်း၏ အမေဖြစ်သူသည်  ထောင် ၁၀ နှစ် အချုပ်ကျသွားခဲ့သော သူသားလေအား
အကျဉ်းထောင်သို့ လာရောက်ပြီး ပထမဆုံး ထောင်ဝင်ခွင့်နှင့်  လာတွေ့ဖြစ်လေသည်။

သူ့သားလေးကို ထိုင်ခုံမှာထိုင်စောင့်နေရင်း ခဏကြာတော့ စကားပြောလို့ ရရုံသက်သက် အပေါက်ကလေးတွေဖောက်ထားလေသည့် မှန်တစ်ဖက်ခြားမှ အက်ခွန်းကို တွေ့လိုက်ရလေ၏။ အကျဉ်းသားဝတ်စုံနဲ့
အက်ခွန်းဟာ မျက်နှာတွေ ပချောင်နချောင်ကျပြီး ကမဌာန်းရုပ် ပေါက်နေလေသည်။ သူ့ကို ကြည့်ရတာ အချိန်မရွေးလဲကျသွားနိုင်သလို ယဲ့ယဲ့လေးသာ ကျန်နေလေတော့၏။

ဒေါ်ယမင်းတို့ သူ့သားလေးကို တွေ့တွေ့လိုက်ချင်းမှာပဲ စိတ်မထိန်းတော့၍ မျက်ရည်တွေတအိအိ ကျလာလေတော့သည်။ ဒါဟာ အရင်တုန်းက လိမ္မာလွန်းခဲ့တဲ့ သူ့သားလေး၊ သူ့ကို အမြဲတမ်းကပ်ချွဲနေခဲ့တဲ့ သူ့သားလေးတဲ့လားလေ။ အခုလိုမျိုး ဖြစ်ပျက်နေတယ်ဆိုတာကို သူ့မှာ ဘယ်လိုစိတ်မျိုးနဲ့ ယုံကြည်လက်ခံနိုင်ရတော့မှာလဲ။

ဟား...ဒါတွေအားလုံးက သူ့ကြောင့်ပဲလေ။ လိမ္မာတဲ့ သူ့သားလေးမလို့ ဂရုမစိုက်လဲရတယ်ထင်ပြီး ထားခဲ့ရာ နောက်ပိုင်းတွေမှာ လုံးဝကို ဥပက္ခာ ပြုထားမိသလို ဖြစ်သွားခဲ့လို့။ ထို့ကြောင့်ပဲ သားလေးဟာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားခဲ့တယ်။ အခုတော့ သားလေးဟာ သူ့ကြောင့်ပဲ လူဆိုးကြီး လုံးလုံး ဖြစ်သွားရတော့ချေတယ်။

"သား... အက်ခွန်း"
ဒေါ်ယမင်းက မျက်ရည်လည်ရွဲနဲ့ သူ့သားလေးကို ခေါ်လိုက်တယ်။ အက်ခွန်းတို့ ဟက်ခနဲ လှောင်ပြုံးတစ်ချက် ပြုံးမိသွားတယ်လေ။

"ဟက်... ဘာလဲ ၁၀နှစ်ကျော်လောက် ပစ်ထားတဲ့ သားလေးကို အခုလို ဂျေးထဲမှာ ပြန်တွေ့လိုက်ရတော့ တအားတွေ အံဩသွားတာလား"

"အို... သားလေးရယ်"

"အခုမှ လာမငိုနေပါနဲ့ ဒေါ်ယမင်းရယ်။ ခင်ဗျားရဲ့ ချစ်လှစွာသော သားငယ်လေးဆီကိုပဲ သွားနေလိုက်ပါတော့လား။ ဘာလို့ အခုမှ ကျွန့်တော်ဆီကို လာတွေ့ချင်နေရတာလဲ။ ဟား...ဟားဟား ရယ်ရတယ်"

ME AFTER YOUWhere stories live. Discover now