မကြာခင် ကျောင်းမှာ ju ju လေးတွေကြိုဖို့ အတွက် welcome ပွဲကြီးလာတော့မယ်။ အဲ့တော့ ကိုယ်တွေလို se se တွေက အားကြိုးမာန်တက် လုပ်ပေးရမယ့် အချိန်ရောက်ပြီလေ။
ကိုယ်ကတော့ ပွဲအစီအစဉ်တဲ့ထဲပါဖို့ စိတ်မဝင်စားပေမယ့် ECမရဲ့ ဆွဲခေါ်လာမှုကြောင့် အခု အငယ်လေးတွေရဲ့ အတန်းထဲ ရောက်နေရပေသည်။
ဟိုစောင် rs မ ထူးလဲ့သစ်ကတော့ သူ့ရဲ့မောင်လေးရှိတဲ့ sec year အခန်းကို အကြီးတန်းက လူတွေနဲ့လိုက်သွားလေရဲ့။
ဟက်! သူလည်း first yr ကမောင်လေးတွေကို စိတ်တော့ဝင်စားမိသား။ ပြီးတော့ ပြောမရဘူးလေ မထိုက်ပုံစံ ကောင်ချောလေးနဲ့ တွေ့ရင်တွေ့နိုင်မလားပေါ့။
wait ....wait !အခုငါ ဘာပြောလိုက်တယ်။
မထိုက်ပုံစံ ယောက်ျားလေး!
wow...ငါအခုတော့ တကယ်ကြီးရူးသွားပြီပဲ။ ဘယ်လိုတောင် တွေးလိုက်ရတာလဲ သော်တာရယ်။
သော်တာမှူးဝေတစ်ယောက် သူ့ကိုယ်သူ အပြစ်တင်နေတုန်းရှိသေး ECမနဲ့ စကားပြောနေတဲ့ ကောင်လေးဆီ အကြည့်တို့ ရောက်မိသွားသည်။
အယ်လေ... သူ့ရဲ့ရုပ်က တစ်ယောက်ယောက်နဲ့များ ဆင်နေသလား။
သော်တာမှူးဝေတို့ အဲ့ကောင်လေးကို သေသေချာချာလေး ကြည်ပြီးတော့ စဉ်းစားနေမိတယ်။ ဘယ်သူနဲ့တူပါသလဲဆိုပြီးပေါ့။
ရုတ်တရက် ကောင်လေးက သူ့ကို မော့ကြည့်လာချိန် ထိုကောင်လေစာ အကြည့်ခြင်းဆုံမိသွားချိန်မှာတော့
ဟိုက်! ဘုရားရေ။ သူက ဒီတိုင်းလေး လျှောက်တွေးမိတာရယ်ပါ။ အခုတော့ သူ့အတွေးထဲကအတိုင်း အပြင်မှာချက်ချင်းလက်ငင်းကြီးကို ဖြစ်လာပါရော့လား။
သော်တာမှူးဝေမှာ ထိုက်ထိုက်စံနဲ့ ရုပ်ချင်းဆင်တူလွန်းတဲ့ထိုအနှီးကောင်လေးကိုသာ ကြောင်တက်တက်ကြီး ရပ်ကြည့်နေမိတော့သည်။
'တကယ်ပြောတာ...သေချာကြည့်လေလေ အမထိုက်ထိုက်စံနဲ့ ပိုတူလေပဲ'
တဖက်က ကောင်လေးကတော့ သူ့ကို ပြူးပြဲပြီးကြည့်နေတဲ့ သော်တာမှူးဝေကြောင့်နဲ့ မျက်နှာပူလွန်းလို့ ဘယ်လိုနေရမှန်းမသိ အနေရတွေ ခက်လာတော့ပြီ။ ဟို အယ်မကြီး သော်တာမှူးဝေကတော့ အကြည့်မပျက် ကြည့်ကောင်း တွေးကောင်းနေတုန်းပဲရယ်။
ခဏကြာမှ ECဖြစ်သူ မဟော်လွင်က သော်တာမှူးဝေကို ဆွဲခေါ်သွားခဲ့သည်။ အဲ့တော့မှပဲ သော်တာမှူးဝေရဲ့ အကြည့်တွေဟာလည်း ထိုမောင်လေးဆီကနေ လွှဲသွားခဲ့လေတော့ရဲ့။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...