ep 45

2K 200 8
                                    


"ဟာ...ထပ်ရောက်လာပြန်ပြီလား ထူးလဲ့ရယ်"

ချမ်းမျိုးသူတစ်ယောက် အလုပ်ကပြန်လာတော့ သူ့တိုက်ခန်းရှေ့မှာ ငုတ်စိလေးထိုင်စောင့်နေလေသည့် ထူးလဲ့သစ်အား တွေ့လိုက်ရသောကြောင့် ညဉ်းညူစွာနဲ့ ပြောမိသွားသည်။

"လာနှောင့်ယှက်မိလို့ တောင်းပန်ပါတယ် ဒါပေမယ့် ညီမမှာ အမချမ်းကလွဲပြီး သွားစရာနေရာမရှိဘူးလေ။ အဲ့တော့ ဒီနေ့ ဘီယာအတူသောက်ကျမလား။ ညီမဝယ်လာခဲ့တယ် ဒီမှာ"

ဘီယာဘူးတွေကို ကတ်လိုက်ဝယ်ချလာလေတဲ့ ထူးလဲ့သစ်ကို ကြည့်ပြီး သူမှာလည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ်ဆိုသူ့ဆီ ထူးလဲ့ ရောက်လာလို့ စိတ်ရှုပ်တယ်ဆိုတာထက် သူ့ဆီက နောက်ဆက်တွဲပါလာတဲ့ အရည်သောက်ချင်း ပြဿနာကို ပိုကြောက်တာပါလေ။
အင်...အခုမှပဲ ကိုယ့်အိမ်က သူ့ရဲ့ ကိုယ်ပိုင် bar တစ်ခု လိုကို ဖြစ်နေလေတော့သည်။

"ပြော...ဒီနေ့ကော ဘာပြဿနာ ဖြစ်ပြန်ပြီလဲ"

စားပွဲပေါ်တင်ထားသည့် ဘီယာဘူးတွေထဲမှ တစ်ဘူးကို ဖောက်သောက်လိုက်ပြီး သူ့ဘေးနား ဆိုဖာပေါ် ထိုင်နေသော ထူးလဲ့သစ်အား အမေးပြုလိုက်တယ်။

သူ့ဆီလာတိုင်း ပြဿနာက တစ်ခုမဟုတ်တစ်ခုပါလာတတ်တဲ့ ထူးလဲ့သစ် အကြောင်းကို သိ၍ပဲ စပြောလိုက်ချင်းဖြစ်ပါတယ်။

"သူဒီနေ့လည်း ထပ်မေ့သွားပြန်ပြီလေ အမချမ်းရဲ့။ ဟက်... "

ချမ်းမျိုးသူတို့ ခေါင်းကုတ်မိသွားလေသည်။
ဒီတစ်ခါလည်း ဒီကိစ္စပါပဲလား။

"ကိုယ်ကတော့ ခန့်သူရကို ပွင့်ပွင့်လင်းလင်း မေးကြည့်ခိုင်းစေချင်တယ်။ ဒီလိုမျိုး ထူးလဲ့တစ်ယောက်တည်း ကြိတ်ပြီး ခံစားနေတာက အဖြေမှန် မဟုတ်ဘူးထင်တယ် "

ထူးလဲ့က မချိပြုံးလေးပဲပြုံးနေပြီး သူ့လက်ထဲက ဘီယာဘူးကိုသာ မော့သောက်နေလေသည်။

"ညီမဖက်က မမေးရဲသေးလို့ပါ အမချမ်းရယ်။ ရိပ်တော့ရိပ်မိနေပေမယ့် မဟုတ်လောက်ပါဘူးလို့ ကြိတ်ယုံနေချင်သေးလို့လေ။ မဟုတ်ဘူး ပြောင်းလဲသွားလောက်မှာပါလို့ ထင်နေသေးလို့လေ "

ME AFTER YOUWhere stories live. Discover now