ep 44

1.9K 209 17
                                    

အခုတော့ ထိုက်ထိုက်တစ်ယောက် သူတို့အားလုံးကိုထားပြီး ကျောင်းကရော ဒီမြို့ကပါ ထွက်သွားခဲ့ပြီလေ။ ဖြစ်နိုင်ရင် သူပါ ကျောင်းထွက်ပြီး ထိုက်ထိုက်ရဲ့ အနောက်ကို တပ်ကြပ်မကွာ လိုက်သွားလိုက်ချင်ပေမယ့်။

ထိုက်ထိုက်ရဲ့ ဒီတစ်ခါ ငါ့နောက်ကို လိုက်ပြီး နင့်ရဲ့ ပညာရေးကိုအထိခိုက်ခံရအောင် လုပ်ရင်။ ငါနင့်ကို ထပ်ပြီးခေါ်တော့မှာ မဟုတ်ဘူးဆိုတဲ့ ခြိမ်းခြောက်သလို ပြောသွားတဲ့ စကားကြောင့်သာ အောင့်အီးသည်းခံနေရတယ်။

ထိုက်ထိုက်အနားမှာ ရှိမနေနိုင်တဲ့ ဒီအခြေအနေကြီးကို သူ အရမ်းမုန်းတာပဲ။

ချမ်းမျိုးသူတို့ စာမေးပွဲဖြေပြီးနောက် စာမေးပွဲအခန်းထဲမှ ထွက်လာခဲ့လေသည်။ သူအပြင်သို့ရောက်ချိန်မှာတော့ အခန်းထဲမှ ကြိုထွက်နှင့်နေတဲ့ ထူးလဲ့သစ်နဲ့ သော်တာမှူးဝေတို့အား တွေ့လိုက်ရတယ်လေ။
ဟက်...သူတို့လည်း အလိုတူ အလိုပါတွေပဲ။

"အမချမ်း...ခဏလောက် အချိန်ပေးပါလား။ ဟိုလေ...သော်တာက အမထိုက်ထိုက်အကြောင်းလေး မေး..."

ချမ်းမျိုးသူက ထူးလဲ့သစ်ရဲ့ စကားကို ဆုံးအောင်တောင် နားမထောင်ဘဲ ထွက်သွားလိုက်တယ်။

"မထိုက်! မထိုက်အခု ဘယ်မှာလဲ"

သူရဲ့ ထွက်သွားနေတဲ့ ခြေလှမ်းတွေက သော်တာမှူးဝေရဲ့ မထိုက်လို့ အော်ပြောလိုက်တဲ့ အသံကြောင့်ပဲ ရပ်တန့်သွားရတယ်။

စွန့်ပစ်တုန်းက စွန့်ပစ်ပြီး။ အခုမှ ငထိုက်အကြောင်းကို စိတ်ဝင်စားနေတယ်တဲ့လေ။

"ဟက်...ငထိုက်က မင်းဖြစ်ခိုင်းချင်တဲ့အတိုင်း ထွက်သွားခဲ့ပြီလေ။ ကျေနပ်သွားပြီမလား သော်တာမှူးဝေရဲ့"

''ထွက်သွားပြီ? ဘယ်ကိုလဲ''

အံ့ဩမှုတွေဖြစ်သွားတဲ့ သော်တာရဲ့ ပုံစံကို ကြည့်ုပြီး ချမ်းမျိုးသူတို့ မကျေမချမ်းထပ်ဆိုလိုက်ပြန်တယ်။

"ဘာတွေ အံ့ဩနေတာလဲ သော်တာမှူးဝေရယ်။ မင်းပဲ ချစ်လှပါချည်ရဲ့ ဆိုပြီး။ တကယ်တမ်း လိုအပ်လာချိန်ကြ ငထိုက်ကို စွန့်ပစ်လိုက်ဖို့ပဲ မင်အရင်ဆုံး တွေးနိုင်ခဲ့တာမလား။
မင်း...မင်း မလို့လုပ်ရက်တယ်ကွာ။ ငထိုက်ဖက်က အားကိုးတကြီး ဆွဲကိုင်ပေးဖို့ ကမ်းပေးတဲ့လက်ကို မညှာမတာဖြတ်ရိုက်ပြီး။
ဟား....မင်းကြောင့် ငထိုက်ဘယ်လိုမျိုး မိုက်မဲ့တဲ့ လုပ်ရက်ထိ လုပ်ဖို့ဆုံးဖြတ်ခဲ့လဲဆိုတာ မင်းသိလား !!! မသိဘူးမလား။ ဟက်...မင်းက တော်တော်အပြောင်းအလဲ မြန်တဲ့ မိန်းမပဲ သော်တာမှူးဝေရဲ့...။ အပြောင်းအလဲမြန်တဲ့ မိန်းမပဲ"

ME AFTER YOUWhere stories live. Discover now