ep 37

2.1K 190 2
                                    

ညစျေးတန်းက အပြန်မှာတော့ သူကပဲ သူရဲ့ ဆိုင်ကယ်လေးနဲ့ သော့်ကို အိမ်ပြန်လိုက်ပို့ပေးခဲ့ရပါသည်။
သော်ဟာ မနက်ပိုင်းပြန်ရောက်ကတည်းက ကားဂိတ်ကနေတစ်ခါတည်းတန်းပြီး အထုပ်အပိုးတွေကိုသာ သူ့အိမ်ပြန်ပို့ပြီး လူကတော့ ကိုယ့်ဆီကို ရောက်လာခဲ့တာမလို့လေ။

အကယ်၍ သော့်မှာသာ ကားပါခဲ့မယ်ဆိုရင်တောင်မှလည်း သူ သော့်ကို ညဖက်ကြီး တစ်ယောက်တည်း ကားမောင်းပြန်ခိုင်းဖို့ကိုတော့ စိတ်မချနိုင်ပါဘူးလေ။

"သော်...အမပြန်ပြီ"

"အွန်း...မထိုက်။ ဆိုင်ကယ်ဂရုစိုက်မောင်းဦးနော်"

သော်တာဟာ ထိုက်ထိုက်စံကို လက်ပြနှုတ်ဆက်နေရင်း သူ့မြင်ကွင်းထဲမှ ထိုက်ထိုက်စံရဲ့ ပုံရိပ်လေးပျောက်ကွယ်သွားတော့မှပဲ အိမ်ထဲသို့ ဝင်လာခဲ့ပေသည်။

သူအိမ်ထဲလည်းဝင်လိုက်ရော ဧည့်ခန်းမှာထိုင်ပြီး  သူ့ကို ချိုကစ်ကစ်နေလေသည့် သူ့မေမေ ဒေါ်မီမီကြည်အား တွေ့လိုက်ရတော့၏။

သော်တာ သွားဖြဲနဖြဲလေးလုပ်ပြီး မျက်နှာချိုသွေးလိုက်ရတော့ပေသည်။

“ဟဲဟဲ...”

"မိသော်တာ... ဟင်။ ညဉ်းက ခရီးကပြန်ရောက်တာတောင် အိမ်ကိုတန်းပြန်မလာနိုင်ဘဲ လမ်းသလားနိုင်သေးပေါ့ ဟုတ်လား။ တော်တော်လေး ဟုတ်နေပါ့လား။ အဲ့တာများ ဘာလို့အိမ်ပြန်လာနေသေးလဲ။ လမ်းမှာပဲ နေလိုက်တာ မဟုတ်ဘူး"

"ဟဲဟဲ...အွန်မားကလည်း ချစ်သမီးလေးမျက်နှာကို အခုမှတွေ့ရလို့ စိတ်ဆိုးနေတာမလား။ စိတ်မဆိုးပါနဲ့ အွန်မားရယ်။ သမီးလည်း ပြန်ရောက်နေပြီပဲကို နော်... ဆားရားငဲ"

လက်ညိုးနဲလက်မလေးကို heart ပုံစံလေးလုပ်ပြီး သူ့အမေကို ချွဲပြနေတဲ့ သော်တာမှူးဝေကြောင့် ဒေါ်မီမီကြည်မျက်နှာမှာ ပြုံချင်ချင်ပင်ဖြစ်သွားသော်လည်း မျက်စောင်းကြီးထိုးကာဖြင့်။

"ဟွန့် တော်ပါ...။ အခုမှငါ့ကို ဆားရားငဲတွေ ဘာတွေလာလုပ်ပြမနေပါနဲ့  မိသော်တာ...။ အဟန့် ဒါနဲ့..ညနေစာကော စားပြီးပြီလား"

"ဟုတ်...စားပြီးသွားပြီ။ မထိုက်နဲ့ အတူခေါက်ဆွဲစားခဲ့တာလေ"

ME AFTER YOUWhere stories live. Discover now