ep 48

2.1K 187 8
                                    


ဒီအတောအတွင်း သူ့ဖက်က မထိုက်ဆီ အမြဲတမ်းပဲ သွားနေမိခဲ့ပါတယ် ။ စကားပြောဖို့ အခွင့်အရေးလေးများ ရမလားဆိုပြီး သူ့ဖက်က အားရင်အားသလိုပဲ ၊ မထိုက်ရဲ့ရုံးတက်ချိန်၊ ရုံဆင်းချိန်တို့မှာ သွားသွားပြီး စောင့်ရတာလည်း အမော ။ သူ့မှာ မထိုက်နေတဲ့ နေရာထိပါ တကောက်ကောက်လိုက်၍ ကြိုးစားခဲ့ရပေမယ့်လည်း အရာတော့မထင်ခဲ့ပါချေ။

အဲ့တာကြောင့်ပဲ အခုလို ရတဲ့အခွင့်အရေးမှာ သူ့ဖက်က ပြောပြချင်တာလေးတွေကို ရအောင်ပြောမှ ဖြစ်တော့မယ်လေ။

"မထိုက်ကို ပေါ့ပျက်ပျက်တွေးတာ မဟုတ်ရပါဘူး ။ ညီမဖက်က မထိုက်နဲ့ အရင်လို ပြန်ဖြစ်ချင်ယုံသက်သက်ပါ မထိုက်ရယ် "

သေချာတောင် မထိုင်ရသေးပဲ ပြန်ထွက်သွားတော့မယ် တကဲကဲလုပ်နေတဲ့ မထိုက်ကို ပြန်၍ပဲဆွဲထားပြီး ပြောလိုက်တယ်။

"ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့ပစ်ပြီး သော်တို့တွေ အစက ပြန်စကြရအောင်လေ"

"ဟက်...ဟက်ဟက်ဟက် "
မထိုက်ဖက်က တုံ့ပြန်လာတဲ့ လှောင်ရယ်သံထဲမှာတော့ ဝမ်းနည်းတဲ့လှိုင်သံတွေပါ ပေါက်နေသလို့...

"မင်းက အရင်အတိုင်းပဲ မပြောင်းလဲသေးဘူးနော် သော်တာမှူးဝေ ။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ မင်းပြောခဲ့ဖူးသလိုပဲ ကိုယ့်တို့နှစ်ယောက်က ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူးလေ"

"မဟုတ်ပါဘူး မထိုက်ရယ်။ မဟုတ်ရပါဘူး။
အဲတုန်းက သော် စိတ်လိုက်မာန်ပါ ပြောမိတာတွေကို မနာကြည်းလိုက်ပါနဲ့လား။ အဲ့ဒါတွေက သော့်စိတ်ထဲ တကယ်ပါလို့ ပြောရတာ မဟုတ်ရပါဘူး။ သော်...သော် ဘယ်လို တောင်းပန်ရမလဲ ။ ဘယ်လိုတောင်းပန်မှ ခွင့်လွှတ်ပေးမှာလဲ ဟင်"

ထိုက်ထိုက်က သော်တာ့ကို အားမလိုအားမရ ဖြစ်စွာ ကြည့်လိုက်မိပါတယ် ။ အခုချိန်ထိကို သော့်ရဲ့ စကားတွေက တဖက်သက်ဆန်နေတုန်းပဲ မလို့လေ။

"တစ်ခုခုကို အထင်မှားနေပုံပဲ သော်တာမှူးဝေ။  ကိုယ်က မင်းကို စိတ်ဆိုးနေတာလဲ မဟုတ်သလို နာကြည်းတာလဲ မဟုတ်ဘူးလေ။ဒီအတိုင်း မင်းကလည်း အဲ့တုန်းက ကိုယ့်ကိုယ် မယုံပေးခဲ့ကြတဲ့ထဲက
လူတစ်ယောက် ဖြစ်ခဲ့ယုံသက်သက်ပါပဲ၊ ဟက်...ကိုယ်က ကိုယ့်ကို မယုံပေးလို့ ဆိုပြီးလို့တော့ လူတွေကို လိုက်ပြီး စိတ်ဆိုးနေရမှာလား၊ မလိုအပ်ဘူးမလားလေ"

ME AFTER YOUWhere stories live. Discover now