ep 12

2.4K 221 1
                                    

ဟိုတစ်နေ့က မင်းထက်သာတစ်ယောက် ခန့်ပိုင်အပေါ် စိတ်ဆိုးနေမှုက ခန့်ပိုင်ရဲ့"နောက်တစ်ခါ ငါ မင်းရဲ့စကားဆို အကုန် နားထောင်ပ့ါမယ်ကွာ"ဆိုတဲ့ အပြောလေးအောက်မှာပဲ ပြေပျောက်သွားခဲ့ရသည်။

သို့သော် အခုတော့... သူ့စကားနားထောင်ပါမယ်ဆိုတဲ့ ခန့်ပိုင်က အခုချိန်ထိကို အိပ်ယာက ထမလာသေးတာပါလေ။

"ခန့်ပိုင်ရာ... မင်းဒီနေ့လည်း တစ်နေကုန် အိပ်ပဲအိပ်နေတော့မှာလား။ ဟျောင့်...ထစမ်းပါကွာ။ ဘယ်နှနာရီရှိပြီထင်လဲ ။၂နာရီ... နေ့လည် ၂နာရီတောင်ရှိနေပြီကွ။ ဟေ့ကောင် ခန့်ပိုင်လို့...."

သူပြောလည်း ငပြောပါပဲ။ ခန့်ပိုင်က အအိပ်မပျက်ဘူး ဟိုဖက်တောင်လှည့်သွား လိုက်သေး။ အဲ့တာ ညညဆို မအိပ်ဘဲ မနက်ကျမှ ထထသေလေတာကြောင့်ပဲလေ။

မင်းထက်သာမှာလည်း ခန့်ပိုင်ကို နှိုးဖို့အတွက် အကြံတော်တော်များများ ထုတ်ပြီးပါပြီ။ နောက်ဆုံးအခြေအနေကတော့ ခန့်ပိုင်ကိုယ်ပေါ် ရေခွက်လိုက် လောင်းချထားလေ၏။

အဲ့တာကိုပဲ ခန့်ပိုင်က ရေစိုကြီးအတိုင်း သူ့ကုတင်ဖက်မှာ လာဆက်အိပ်နေသည်လေ။ သူ့အိပ်ယာပါ စိုကုန်မှာဆိုးလို့သာ ရေထပ်မလောင်းတော့ပေမယ့် ခန့်ပိုင်ကိုတော့ နိုးအောင်လုပ်ရပါဦးမည်။

ဒီလဒလေးက အအေးပတ်မှာလည်း မကြောက်ဘူးရယ် ။

"ခန့်ပိုင်...အချစ်လေး ထပါတော့ကွာ။ ဒီက ကိုကိုလေး အရမ်းတွေပျင်းနေပြီလို့။ ဟိုကောင်တွေတောင် ဂိမ်းဆိုင်ရောက်နေပြီတဲ့။ အဲ့တာ ငါတို့လည်း လိုက်သွားရအောင်လေ။ ထပါကွာ နော် အသဲလေး "

မင်းထက်သာက  ခပ်အီအီစကားတွေပြောပြီး ခန့်ပိုင်ကိုယ်ပေါ် ခုန်တက်၍ အနှိုးကောင်းမှုကြောင့် သူ့အောက်က ခန့်ပိုင်လေးမှာ အနည်းငယ် အောင့်သက်သက်ဖြစ်သွားရသည်။ ဒါပေမယ့်တော့ သူ့ရဲ့မျက်လုံးတွေက ဖွင့်မလာသေးပါဘူးရယ်။

ဒါနဲ့ မင်းထက်သာက ထပ်ပြီး ခန့်ပိုင်ရဲ့ အင်္ကျီကို လှန်လိုက်ကာ စသလိုလို နောက်သလိုလိုနဲ့ပဲ သူ့ဗိုက်သားဖွေးဖွေးလေးကို လျှာနှင့် လျှက်လိုက်လေသည်။

ME AFTER YOUDonde viven las historias. Descúbrelo ahora