တီးတောင်!
ညနေခင်း ၅နာရီခန့်လောက် တိုက်ခန်းတစ်ခန်းရဲ့ တံခါးပေါက်ရှေ့မှာ ကောင်မလေးတစ်ယောက်ဟာ ဘဲလ်ကို အဆက်မပြတ်တီးနေခဲ့ပေသည်။ သို့ပေမယ့် အခန်းထဲက မည်သို့မျှမတုံ့ပြန်လာခဲ့ပါချေ။
၁၅ မိနစ်လောက် ကြာတော့မှပဲ ချက်ခနဲ မည်သံနှင့်အတူ တံခါးလေး ခပ်ဟဟ ပွင့်လာခဲ့တယ်။ ထိုသို့ တံခါးပွင့်လျှင်ပွင့်ချင်းမှာပဲ အပြင်က ကောင်မလေးကတော့ သူ့လက်မှာကိုင်ထားတဲ့ မုန့်ထုတ်ကြီးကို မျက်နှာရှေ့ အတင်း ထိုးပေးလာတော့ပြီလေ။
"တောင်းပန်ပါတယ် မထိုက်။ ဒီကအဆိုးလေးကို ခွင့်လွတ်ပေးပါ"
ထိုက်ထိုက်စံတို့ သော်တာရဲ့ တောင်းပန်စကားကြောင့်နဲ့ နှုတ်ခမ်းထက်မှာ ပြုံးယောင်သန်းမိသွားရသည်။
သူ့ဆီက မုန့်ထုတ်ကို ယူလိုက်တော့လည်း မျက်လုံးလေးတွေမှိတ်သည်ထိ ပြုံးပြ၍ မျက်နှာချိုလာသွေးပြနေတဲ့ သူ့ရဲ့သော်ပါလေ။
"ဘာလာလုပ်တာလဲ"
သူက မသိချင်ယောင်ဆောင်ပြီး မေးလိုက်တော့ သော့်မှာ ချက်ချင်းမဖြေနိုင်သေး။ သူ့အခန်းထဲကိုသာ တောင်ကြည့်လိုက် မြောက်ကြည့်လိုက်နဲ့။
"ဘာတွေရှာနေတာလဲ။ ဪ... သော်ပြောတဲ့ တွေ့ကရာလူ ချမ်းဆိုရင်တော့ ရှာမနေပါနဲ့တော့။ အမသူ့ကို ခေါ်မထားဘူး"
"ဟင့်...မထိုက်ကလည်း။ စိတ်မဆိုးပါနဲ့နော်။ သော်ကလေ မထိုက်က သော့်နေရာမှာ တခြားလူနဲ့ အစားထိုးမယ်ဆိုတာ ကြားလိုက်ရတော့ စိတ်ထဲမှာ နည်းနည်းလေး ဒေါသထွက်ပြီး လျှောက်ပြောမိတာပါ။ ဒီအဆိုးလေးကို ဗွေမယူပါနဲ့ နော်....နော်။ ချစ်တယ်လေနော်...။ ပြီးတော့ သော်မုန့်တွေလည်း အများကြီးဝယ်လာတယ်။ ဇတ်ကားကြည့်ရင်းနဲ့ အတူတူစားကြရအောင်လေနော်"
အဲ့လိုတွေ ချွဲတဲ့အချိန်တို့ အပြစ်လုပ်မိလို့ ပြန်တောင်းပန်တဲ့ အချိန်တို့မှာဆို ကိုယ့်ကိုယ်ကို သော်လို့ သုံးပြီး ပြောတတ်တဲ့ သော်တာမှူးဝေလေးက နှုတ်ခမ်းလေးဆူထော်၍ တနော်နော်ထဲ နော်ပြီး သူ့အခန်းထဲအတင်းဝင်တော့မယ့် လုပ်သည်။ သော်တာ့ကို ထိုက်ထိုက်စံတို့ အင်္ကျီလည်ကုတ်မှဆွဲကာပဲ တံခါးအပြင်ဖက်ကို ပြန်ပို့လိုက်ပါတော့သည်။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...