ep 60 (final part)

5.6K 283 19
                                    

"တကယ်တော့ ကျွန်မက မိန်းကလေးချင်း သဘောကျနေတဲ့ သူတစ်ယောက်ပါ"

သော်တာမှူးဝေရဲ့ ဖွင့်ဟဝန်ခံစကားကြောင့် မေးနတဲ့ MC လည်း မျက်လုံးပြူး မျက်စံပြူး ဖြစ်သွားပြီး စင်အောက်မှာ ရှိနေကြတဲ့ သတင်းထောက်တွေကပါ တစ်ဖျတ်ဖျတ်နဲ့ ဓာတ်ပုံတွေရိုက်ပြီး မှတ်တမ်းတင်ကုန်ကြပြီလေ။

အခုက သော်တာမှူးဝေတစ်ယောက် ဂျပန်ပြန်လာပြီးနောက်ပိုင်း ပထမဆုံး အင်တာဗျူးအစီစဉ်တစ်ခုမှာ ရောက်နေတာပါလေ။ လတ်တလော အနုပညာလုပ်ရှားမှုတွေ ရပ်နားခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးနေရာမှ၊ သူ့အချစ်ရေးကိစ္စ...တစ်နည်း...ထက်ဘုန်းရှိန်နဲ့ အကြောင်းတွေကို အစ်အောက်ပြီး မေးလာခဲသည်လေ။ ဗြုန်းဆိုင်းကြီး စေ့စပ်ပွဲလုပ်မယ်လို့ ကြေညာပြီး နောက်ကျ ရုတ်တရက်ကြီး စေ့စပ်ပွဲ ပျက်သွားကြောင်း သတင်းပြန်ထွက်လာခဲ့တော့... ဘာကြောင့်များလဲလို့ သိချင်နေကြပုံပဲ။

အဲ့တာကြောင့် သူပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တယ်။ အကယ်၍ MC ဖက်က မေးခွန်းမထုတ်လာရင်တောင်မှ သူကတော့ မထိုက်နဲ့ ပတ်သက်ပြီး အားလုံးကို ချပြောပြဖို့ စီစဉ်ပြီးထားပါလေ။

"ကျွန်မနဲ့ ဟိုတစ်ခါ သတင်းထွက်ခဲ့တဲ့ မိန်းကလေးက... ဟုတ်ပါတယ် ကျွန်မရဲ့ ချစ်သူပါပဲ"

"သူနဲ့ကျွန်မက သိပ်ကိုချစ်ကြတဲ့ ချစ်သူတွေပါ။ အခုတော့ ကျွန်မရဲ့ အပြစ်တွေကြောင့် ဝေးသွားခဲ့ရပေမယ့်လဲပေါ့။ ကျွန်မသူ့ကို သိပ်ချစ်နေတုန်းပါပဲ"

"အကယ်လို့ ကျွန်မ မိန်းကလေးတစ်ယောက်ကို ချစ်နေတဲ့သူ ဖြစ်တာကြောင့် ကျွန်မကို လက်မခံပေးနိုင်ဘူး... မကြိုက်တော့ဘူးဆိုရင်လဲ... ရပါတယ်။ ကျွန်မကတော့ သူ့တစ်ယောက်ထဲကိုပဲ ဆက်ပြီး ချစ်နေဦးမှာပါလေ"

ထိုသို့ သော်တာဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့ခံစားချက်တွေကိုသာ ဆက်တိုက်ပြောသွားလိုက်တယ်။ သူ့ဖက်က မထိုက်ကို အမြဲတမ်း စောင့်နေမယ်ဆိုတာကို သိစေချင်ရုံ သက်သက်ပါလေ။

ဒီတစ်ခေါက်တော့ သူ့ဖက်က ရပ်စောင့်နေပြီး မထိုက်ဖက်က ခြေလှမ်းတွေတိုးလာမဲ့ အချိန်ကိုသာ မျှော်လင့်နေရတော့မယ်လေ။ ထို့ကြောင့် မထိုက်များ ပြန်လာခဲ့ရင် အရာအားလုံး အဆင့်သင့်ဖြစ်နေအောင်လို့ သူ့ဖက်က ကြိုတင် ပြင်ဆင်ပြီး လမ်းခင်းပေးထားတယ်။ မထိုက်ဖက်က အလွယ်တကူ ဝင်ခိုနားလို့ရမဲ့ သူ့ဘေးနား နေရာတစ်နေရာလေး အတွက်ပေါ့။

ME AFTER YOUWhere stories live. Discover now