ep 11

2.4K 233 0
                                    

နေရောင်ဖြာဝေနေတဲ့ အရုဏ်ဦး နံနက်ခင်းလေးမှာ သော်တာမှူးဝေတစ်ယောက် သာယာစွာနိုးထလာခဲ့ပါသည်။

သူ ညတုန်းက အိပ်မက်မက်သည်လေ။ သူရယ် မထိုက်ရယ်က ကုတင်တစ်လုံးပေါ်မှာ အတူတူအိပ်နေကြတယ်တဲ့ ။အဟီး....။ အပြင်မှာ တကယ်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ အိပ်မက်ထဲမှာတော့ အတော်ကြည်နူးဖို့ ကောင်းနေသား...။

သော်တာမှူးဝေတစ်ယောက် စိတ်ကူးတွေ တဝကြီးယဉ်ပြီးနောက်တော့ မျက်လုံးကလေးဖွင့်ကာ အိပ်ယာက ထဖို့စဉ်းစားလိုက်သည်။

"ဟမ်....."

အဲ့မှာ သူ့မျက်လုံးလည်းဖွင့်လိုက်ရော မြင်နေကျမဟုတ်သော စိမ်းသက်သက်မြင်ကွင်းတွေက သူ့အား ဆီးကြိုလို့နေခဲ့သည်လေ။ ပြီးတော့ သူက အခု အိပ်မက်ထဲက မထိုက်နဲ့ အတူအိပ်ခဲ့တဲ့ ကုတင်ပေါ်မှာ ရောက်နေပြန်သည်တဲ့။

"O.M.G.! ငါလေးအခု ဘယ်ရောက်နေတာလဲ"

သော်တာမှူးဝေတို့ တစ်ခန်းလုံးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ဒါ...သေချာပေါက် မဟော်လွင်ရဲ့ အခန်းလည်း ဟုတ်မနေဘူးပဲ။

ကျစ်! ဘယ်လိုဖြစ်ပြီး သူက သူများအိမ်ရောက်နေရတာလဲ။ ပြီးတော့ ဒါကရော ဘယ်သူ့အိမ်လဲ။ ညတုန်းက ဘယ်လိုတွေ ဖြစ်ခဲ့မှန်းလဲ တစ်ခုမှ မသိတော့ဘူး။ သွားပြီ ငါတော့ ဒုက္ခရောက်ပြီထင်တယ်။

အဲ့လိုနဲ့ သော်တာမှူးဝေတို့ အိပ်ယာနိုးပြီးပြီးချင်းမှာပဲ တစ်ယောက်တည်း ယောက်ယက်ခတ်နေလေတော့၏။

မီးဖိုချောင်ထဲ မနက်စာစားဖို့ ချက်ပြုတ်နေတဲ့ ထိုက်ထိုက်စံမှာတော့ အိပ်ခန်းထဲက ရုတ်ရုတ်အသံတွေကြောင့်ပဲ သော်တာမှူးဝေများ  နိုးပြီလားဆိုပြီး  အိပ်ခန်းထဲသို့ ဝင်လာခဲ့ပါသည်။

အဲ့လိုသူဝင်လိုက်တဲ့ အချိန်မှာပဲ အခန်းထဲကနေ ရေးကြီးသုတ်ပျာနဲ့ ထွက်လာလေသည့် သော်တာမှူးဝေနှင့်  တိုက်မိသွားတော့သည်။

“အ!”

"ဟာ... သော်! ဘယ်လိုဖြစ်တာလဲ။ အလောတကြီးနဲ့။ ပြန်တော့မလို့လား "

အဲ့မှာ သော်တာမှူးဝေတစ်ယောက် သူနဲ့တိုက်မိသွားသည့် သူက ထိုက်ထိုက်စံမှန်းလည်း သိလိုက်ရော အံဩတကြီးတွေပဲ ဖြစ်သွားကုန်တော့သည်။

ME AFTER YOUWhere stories live. Discover now