အခုတော့ သော်တာမှူးဝေတို့ ခိုင်မာမော်နဲ့ပတ်သက်ပြီး စိတ်အေးသွားရပါပြီ။ ဘာလို့ဆို မနေ့တုန်းက မထိုက်က ခိုင်မာမော်ကို အပြတ်ပြောလိုက်တယ်တဲ့ "အမကို ထပ်မကြိုက်နဲ့တော့" ဆိုပြီးလေ။
သူတောင် မထင်ထားခဲ့ဘူး။ မထိုက်က အဲ့လောက်ထိ ဒဲ့တိုးကြီး သွားပြောလိမ့်မယ်လို့ပေါ့။
ခိုင်မာမော်အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသလို ခံစားရပေမယ့်။ အဟိ... တစ်ချိန်ထဲမှာပဲ အရမ်းတွေလည်း ပျော်မိသွားသလိုပဲ။ မထိုက်က သူ့ခံစားချက်တွေကို အလေးထားပေးတာမလို့လေ။
သူ့ကို စိတ်ပုတ်တယ်လို့ပဲပြောပြော ဘာပဲပြောပြောပါ။သူကတော့ မထိုက်နဲ့ပတ်သက်လာရင် တအားတွေတွန့်တိုတတ်ပါတယ်။ ဘယ်သူ့ကိုမှဝေမမျှနိုင်ပါပေ။
အခုတော့ သူရဲ့ခြေလှမ်းတွေက ကျောင်းခန်းဆီသို့ မြန်မြန်ဆန်ဆန်ပဲ လျှောက်လှမ်းနေမိတော့သည်။ အခန်းထဲမှာ သူ့ရဲ့ အိုအေစစ်လေး မထိုက်က ရှိနေတယ်မလား။
သို့ပေမယ့် တစ်နေရာရောက်တဲ့ အချိန်မှာတော့ သော်တာမှူးဝေတို့ သူ့ရဲ့ခြေလှမ်းတွေဟာ တိခနဲ ရပ်သွားရပေသည်။ ရုတ်တရက်ကြီး သူ့ရဲ့ရည်းစားဟောင်းဖြစ်သွားသည့် ထက်ဘုန်းရှိန်ကို တွေ့လိုက်ရသည်မလို့။
'သူဘာလုပ်ရတော့မလဲ။ ပြုံးပြလိုက်ရမလား။ ဒါပေမယ့် ကြောင်ကြောင်ကြီးဖြစ်နေမှာပေါ့။ ဒုက္ခပါပဲ။ ကိုယ်ဘက်ကစပြီးလမ်းခွဲထားတဲ့ ရည်းစားဟောင်းကို လမ်းမှာ မတော်တဆများ တွေ့ခဲ့ရင် ဘယ်လိုပုံစံနဲ့နှုတ်ဆက်ရမှာပါလိမ့်။ ဒီတိုင်း မသိချင်ယောင်ဆောင်သွားလိုက်တာ ပိုမကောင်းပေဘူးလားလို့တောင် တွေးနေမိတော့သည်။
သော်တာမှူးဝေကသာ အတွေးများနေတာဆိုပေမယ့် ထက်ဘုန်းရှိန်တို့ကတော့ သူ့ဆီကိုပဲ တန်းတန်းကြီးရောက်လာပြီး နှုတ်ဆက်ခဲ့လေပြီ။
"မတွေ့တာကြာပြီနော် မသော်"တဲ့။
"ဪ...အေ" သော်တာမှူးဝေမှာ ဒါလေးပဲ တုံ့ပြန်နိုင်ခဲ့သည်။ ထက်ဘုန်းရှိန်ကတော့ ဆက်ပြောနေပြန်သည်။
"ဟက်...ကျွန်တော်ကတော့ မသော်ကို အမြဲတမ်းတွေ့နေရပါတယ်။ ကျောင်းtrip မှာတုန်းကလည်း မသော်ကို တွေ့တယ်လေ။ စကားလာပြောချင်ပေမယ့်လလ်း ကျွန်တော့်ကိုတွေ့ရင် ပျော်ရွှင်နေတဲ့ မသော်များ စိတ်အနှောက်အယှက် ဖြစ်သွားမလား စိုးရိမ်လို့ပါ"
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...