"သော်..."
ကိုယ်က သော့်မျက်နှာလေးကို တွေ့ချင်လို့ ခေါ်လိုက်ပေမယ့် သူလေးက အဖတ်တောင်မလုပ်ဘဲ သူ့ရဲ Facebook new feed မှာတက်လာနေတဲ့ မင်းသားချောချောတွေကိုပဲ သဲကြီးမဲကြီး ကြည့်နေလေရဲ့။
"သော်ကလည်းကွာ....အမပျင်းနေပြီလို့။ ဒါဆိုလည်း သော်တစ်ယောက်တည်းပဲ နေခဲ့တော့မလား။ အမပြန်နှင့်ပြီကွာ"
သူ့ဘက်က ကျီစားပြီးပြောကာ ထွက်သွားမလိုဟန်ပြုတော့
"ပြန်ထိုင်လိုက်စမ်း မထိုက်! အေ ပြန်ရဲရင် ပြန်ကြည့်လိုက်နော် ဒေါ် ထိုက် ထိုက် စံ"
အိစ်... သူ့နာမည်ကို တစ်လုံးချင်းစီပြောပြီးပါ ဒေါသပုန်ကြွယ်၍ သူ့အား ခြိမ်းခြောက်စကား ဆိုလာခဲ့သည့် သူ့မဟေသီ။ မျက်လုံးအစုံတို့က တွန့်ချိုးလျက်ပဲ မျက်နှာထိမျက်နှာထားကြီးနဲ့ သူ့ကို ကြည့်နေခဲ့တယ်လေ။
အဲ့တော့ သူ့မှာလည်း ကြောက်ကြောက်နဲ့ ခြွမလို့ လုပ်နေတဲ့ ကိုယ်ဟန်ကို ပြန်ပြင်ပြီး သူ့ရဲ့သော့် ဘေးလေးမှာ ပြန်ကာဝင်ထိုင်လိုက်ရပေသည်။
တဘက်က သော်တာမှူးဝေမှာတော့ သူ့ဘေးနားက မျက်နှာရှစ်ခေါက်ချိုး အသွင်ဖြစ်သွားတဲ့ မထိုက်ကိုကြည့်ရင်းပဲ သူ့စိတ်ထဲမှာ ဒေါသတွေက အတုံးလိုက်ထွက်နေချေတော့ပြီ။
မထိုက်က သိပ်ကိုတုံးလွန်းလို့ပါရယ်။
တကယ်ဆို သူက မထိုက်ကို စိတ်ဆိုးနေလို့ တမင်သက်သက် ဖုန်းကြည့်ချင်ယောင် ဆောင်နေတာမလား။ ဒါကို မထိုက်က မချော့တဲ့အပြင် သူကတောင် ပြန်မယ် လုပ်ရချည်သေးရဲ့။
သူစိတ်ဆိုးနေတာကိုလည်း သိတောင်သိရဲ့လားပဲ။
အင်...သူစိတ်ဆိုးတယ် ဆိုတာကလည်း နေ့လယ်ပိုင်း ကန်တင်းမှာရှိတုန်းကလေ။
ဒီနေ့နေ့လယ်တုန်းက သူတို့သူငယ်ချင်းတစ်အုပ်စု နေ့လယ်စာကို ကန်းတင်း၌ အတူတူထိုင်စားဖြစ်ခဲ့ကြပါသည်။
ဒီကြားထဲ ထူးလဲ့သစ်က ခိုင်မာမော်ကိုပါ အတင်းတွေခေါ်နေခဲ့သေးတာ။ ဟိုက ငြင်းလိုက်လို့သာ ပါမလာတာပေါ့။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...