နောက်တစ်နေ့နံနက်တွင်
"ဟေ့...ခန့်ပိုင် ငါဒီမှာ "
ခန့်ပိုင်သည် သူ့ကို အော်ခေါ်နေတဲ့ မင်းထက်သာဆီသို့ ပြေးသွားလိုက်လေသည်။
'ဘယ်လောက်တောင် ကြာနေပြီလဲ။ သူတို့တွေ မတွေ့ဖြစ်ကြတာ'"ခန့်ပိုင်....မင်းကလည်းကွာ ကျောင်းကဖွင့်နေတာ တစ်လကျော်နေပြီ အခုမှ လာတက်ရလား လဒလေးရဲ့"
"ငါ့ဘာငါ ဘယ်ချိန်တက်တက်ပေါ့ မင်းအပူဘာပါလို့လဲ"
"လဒလေး လာကတည်းက ဘုတောနေပြီ။ လာစမ်း။မင်းကိုတော့ ပညာပြရတော့မယ်"
မင်းထက်သာတစ်ယောက် ခန့်ပိုင်ရဲ့ပုခုံးကို ဆွဲဖက်ပြီး ဝမ်းဗိုက်ကိုထိုးချင်ယောင် ဆောင်လိုက်သည်။ နှစ်ယောက်စလုံးရဲ့ အရပ်တွေက မတိမ်းမယိမ်းတွေဆိုတော့ သူတို့တွေကို မြင်နေရတာ မရှင်းမရှင်းတွေ ဖြစ်ကုန်ပြီလေ။
ဟုတ်...အဲ့လို မရှင်းမရှင်းမြင်နေတဲ့သူကတော့ သော်တာမှူးဝေရဲ့ သူငယ်ချင်းချောလေး ထူးလဲ့သစ်ပါတဲ့လေ။
"အဟီး ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်တဲ့ မြင်ကွင်းလေးပါလဲ"
အခန်းထဲက မင်းထက်သာနဲ့ ခန့်ပိုင်တို့ဆိုတာ သူ့အတွက်တော့ ထာဝရ နတ်ဖက်တဲ့ အတွဲပါပေ။ နှစ်စကတည်းက shipလာခဲ့တာ အခုထိတော့ ဘာမှမဖြစ်သေးဘူးဆိုပေမယ့် မင်းထက်သာဆိုတာ ခန့်ပိုင်ရှိမှ ပြည့်စုံတာမျိုးလို့ပဲဟာ သူထင်ပါသည်။
"ဟီးဟီးဟီီး...."
"ဟက်! ထူးလဲ့မ"
"အမလေး! စကမ...."
"ချေးကို စကမပါလား။ နင်ဘာလုပ်နေတာလဲ။ အခန်းထဲမဝင်ပဲ ဟမ်"
ထူးလဲ့သစ်က သူ့ကို ဘာမှမပြောဘဲ မေးလေးငေါ့ပြတယ်။ သူလည်း ထူးလဲ့ပြတဲ့နေရာကို ကြည့်လိုက်တော့ အခန်းထဲ မင်းထက်သာနဲ့ ခန့်ပိုင်တို့က ဖက်တွယ်ပြီးတော့ စနောက်နေတာလေ။
"ထူးလဲ့မ နင်နော်"
"ဟဲဟဲ"
ထူးလဲ့မက ထုံးစံအတိုင်း သူဝါသနာပါရာ ကောင်လေးနှစ်ယောက်တပူးတွဲတွဲဖြစ်နေခြင်းကို ပါးစပ်မှမြည်းလို တဟီးဟီးမြည် ကြည့်နေခဲ့ပြီး သော်တာမှူးဝေကတော့ အဲ့ဒီထူးလဲ့ကို ခေါင်းလေးရမ်းလို့ကြည့်နေရှာသည်။ သူတို့နှစ်ယောက်သားဟာ ပေါက်ကရတွေ ပြောရင်းနဲ့ပဲ အခန်းပေါက်ဝမှာ ပိတ်ရပ်နေမိခဲ့ကြပါသည်။ အဲ့အချိန်....
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...